စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှလက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့်အဖွဲ့သည် မြန်မာနိုင်ငံစားသုံးသူ ကြိုတင် ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင် နှင့်အသင်းဝင်များ၊ မီဒီယာများနှင့် ပူး ပေါင်း၍၂၀၁၄ခုနှစ်၊ သြဂုတ်လ ၇ ရက် နေ့၀၉း၀၀အချိန်မှ၁၃း၀၀နာရီအချိန်ထိ တောင်ဥက္ကလာပမြို့နယ်ရှိ
နန္ဒဝန်ဈေး၊ ဈေးတာဝန်ခံ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့နှင့်အတူဈေးအတွင်းရှိ စားသောက်ကု န်ရောင်းချသည့် ဆိုင်များ သို့လည်း ကောင်း၊ အခြေခံပညာအထက် တန်း ကျောင်း အမှတ်(၁)၊(၂)၊(၃)၊(၄)၊ (၅)တို့တွ င်ကျောင်းအုပ် ဆရာ ကြီး၊ ဆရာမကြီး၊ဒုတိယမြို့နယ်ပညာရေးမှူးတို့နှင့်အတူ ကျောင်းမုန့်ဈေးတန်းများသို့သွားရောက်၍ စားသုံးသူ အကာ အကွယ်ပေးရေး အသိပညာပေး လုပ်ငန်းများကိုကွင်းဆင်းဆောင်ရွက်ခဲ့ရာတောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ အားဖြည့ ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။အဆိုပါအစီအစဉ်တွင် ပြည် သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းမှ ပြည်သူလူထုများ ဘေးအန္တရာယ်ကင်းရှင်းသည့်အစား အစာ ရွေးချယ်နို င်ရန်နှင့် ပညာပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေ ဖြင့်လိုက်ပါဆောင်ရွက်ခြင်းြ ဖစ်ေ ကြာင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ မိမိတို့ဌာနအနေဖြင့် ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ် သည့် စားသုံး သူ အကာအကွယ်ပေးရေး ဥပဒေနဲ့အညီ စားသုံးသူများအားအသိပညာပေးရေးကိစ္စရပ်များ ဆောင်ရွက်ေ နကြောင်း ၊ ရောင်းချသူများမှလည်း ပြည်ပမှတင်သွင်းသည့်မုန့်များဖြစ်စေ၊ ပြည်တွင်းမှထုတ်လုပ်သည့်မုန့်များဖြစ်စေ၊စား သောက် ကုန်များတွင်ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲမပါရှိခြင်း၊ ရက်လွန်နေ ခြင်း၊ မှိုတက်နေခြင်းနှင့် ဘေးဥပါဒ် အန္တရာယ်ြ ဖ စ်စေသည့်အစားအသောက်များအား ရောင်းချခြင်းမပြုရန်၊ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များ ကိုသာ ၀ ယ်ယူရောင်းချသွားရန်တိုက်တွန်းပြောကြားခဲ့သည့်အပြင် မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ် ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်မှလည်း ၤFDA ထောက်ခံချက်ပါရှိသော မုန့်များကိုသာ ရောင်းချရန်၊ ဆိုးဆေးများမှာ ကင်ဆာေ ရာ ဂါဖြစ်နိုင်သဖြင့်အချဉ်ရည် ပြုလုပ်ရာတွင်အသုံးမပြုရန်နှင့် သဘာဝမန်ကျည်းသီး၊ ထန်းလျက်တို့ကိုသာ အသုံးပြုရန်၊ တစ်ခါ သုံးလက်အိတ်များ အသုံးပြုရန် အသိပညာ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါတယ်။