Main menu

Background

ရခိုင်ဝယ်လက်အဆွဲများလို့ ဈေးမာလာတဲ့ ပြည်ချင်း

Wed, 08/27/2014 - 09:25 -- ydnar

ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာချင်းဈေးများယခင်အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့သုံးပုံးနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီးအရောင်းပါး လျက်ရှိနေပါတယ်။အဝင်အားဖြင့်လည်း ပိဿာ ၃၀ ဝင်အိတ် ၁၀၀ ခန့်သာပုံမှန်အဝင် ရှိပြီး၊ယခင်ကထက်အဝင်နည်းနေပါတယ်။ ရခိုင်ဝယ်လက်များ၊ ပြည် ဈေးကွက်သို့ တိုက်ရိုက်ဆင်းပြီး၊ ဝယ်ယူမှု များရှိနေ တဲ့အတွက်ဈေးတင်ရောင်းချမှုများ ရှိလာတာကြောင့်နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးပြီးမှာယူရောင်းချ နေပါ တယ် ။ ယခုတစ်ပတ်ပွဲရုံများ၌ ချင်းဥမ တစ်ပိဿာကို ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်ရှိပြီး ချင်းဓါးလှီးသမားများမှ လက်လီ၊ လက်ကားေ ရာင်းဝယ်သူများနဲ့ဧရာဝတီတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်သို့တင်ပို့မှုအပါအဝင်ပွဲရုံများမှပိဿာချိန်၈၀၀ခန့်အရောင်း အဝယ်ဖြစ် ပြီး ယခင်ကာလများထက် အရောင်းပါးလျက်ရှိကြောင်း သိရပါ တယ်။