Main menu

Background

မြန်မာ့သြဘာလုပ်ငန်းစု၊ ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမီတက်မှ မျိုးစေ့သစ်များ မိတ်ဆက်ပြသ

Thu, 09/04/2014 - 07:23 -- ydnar

 
မြန်မာ့သြဘာလုပ်ငန်းစု၊ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမီတက်မမျိုးစေ့သစ်များမိတ်ဆက်ပြသပွဲကိုရန်ကုန်မြို့မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင် တာတွင် သြဂုတ်လ ၂၈ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ ဧရာဝတီမျိုးစေ့ကုမ္ပဏီ လီမီတက် မှ စပါးမျိုးစေ့သစ်နှင့်ပြောင်းမျိုးစေ့သစ် များအား စမ်းသပ်ထုတ်လုပ်ခဲ့ရာတောင် သူများကြိုက်နှစ်သက်ကြကြောင်း၊ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမီတက်မှမန်နေးဂျင်းဒါရိုက်တာဦးစိုးသန်းကရှင်းလင်း ပြောကြား ခဲ့သည်

။ ဧရာဝတီမျိုးစေ့ ကုမ္ပဏီလီမီတက် မှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့်ပြောင်း မျိုးစေ့မှာ NK 621  အမျိုးအစားဖြစ်ပြီး  စပါးအမျိုးအစားမှာ စပ်မျိုးစပါး S6001 ဖြစ်ကြောင်းသိရသည်။ အဆိုပါပြောင်းမျိုးနှင့်စပါးမျိုးများကို တောင်သူများအားမိတ်ဆက်ပြသခဲ့ရာ တောင်သူများ ကြိုက်နှစ် သက်ကြ ကြောင်း ဦးစိုးသန်းကပြောကြားခဲ့သည်။ MK 621  ပြောင်းမျိုးသည်မျိုးစေ့ ၁၀၀ တွင် ၉၅ပင်ပေါက်ပြီး အပင်ပေါက်များမှာသန်မာကြောင်း၊ ပြောင်း ပင် မျိုးကောင်းများ၏အရည်အချင်း တစ်ရပ်ဖြစ်သည့်အရွက်များ ထောင်မတ်ခြင်း၊ အဖူးမမြင့်ခြင်း၊ အဖူးထွက်ရှိ မှုညီညာခြင်း၊ အဖူးကို ချိုးခူးချိန်မှာပင်အရွက်များ စိမ်းနေခြင်း၊ အပင်ကို စိတ် စိတ်စိုက်နိုင်ခြင်း၊ တစ်ဧကလျှင် အပင် ပေါင်း ၂၅၀၀၀ မှ ၃၀၀၀၀အထိ စိုက် နိုင်ခြင်းစသည့်ထူးခြားချက်များပါရှိ ကြောင်း၊ထို့ပြင်အဆိုပါပြောင်းဖူး၏ အရောင်မှာ သာမန်ပြောင်းဖူး အရောင်မျိုးမဟုတ်ဘဲလိမ္မော်နီရောင်ဖြစ်၍ အရောင်အသွေးလှပခြင်းစသည့်ဂုဏ်သတ္တိများကြောင့် နိုင်ငံခြားသို့တင်ပို့ ရာ တွင် မျက်နှာပန်းလှနိုင်ကြောင်း သိရ သည်။ ဆန်မျိုးစေ့သစ်တစ်မျိုးဖြစ်သည့်S6001 သည်တစ်ဧကလျှင် ၅ကီလိုမှ ၆ကီလိုအထိစိုက်ပျိုးနိုင်ပြီးအပင် ပွား နှုန်းေ ကာင်း မွန်သည့်မျိုးဖြစ်ကြောင်း၊ ရက် ၄၀မှ ၄၅သားအထိ အပင်ပွားနေ ဆဲပင်ဖြစ်ကြောင်း၊ အပင်တစ်ပင်လျှင် ၁၅ပင်မှ ပျမ်းမျှ ၂၅ပင်အထိပွားနှုန်း ကောင်းမွန်ကြောင်း၊ စပါးများရင့်မှည့်သည်အထိ အလံရွက်များစိမ်းနေဆဲပင် ဖြစ်ေ ကြာင်း ၊ အောင်စေ့ပါဝင်မှုမှာစပါးပင်တစ်ပင်လျှင် အနည်းဆုံးပျမ်းမျှ ၂၀၀ မှ ၃၅၀၊ အများဆုံး ၄၀၀ အထိ ဖြစ်၍ အထွက်နှုန်းေ ကာင်းမွန်သောစပါးမျိုး ဖြစ်ကြောင်း၊ စပါးတစ်တင်းလျှင် ဆန် ၈ပြည်ထွက်ရှိရာ အကျိုးအကြေနည်း ပြီး ထမင်း၏ အရည် အသွေးမှာလည်း ကောင်းမွန်ကြောင်းသိရသည်။