Main menu

Background

ကမ္ဘ္ဘာ့နိုင်ငံများတွင် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်လျက်ရှိ

Thu, 09/04/2014 - 07:57 -- ydnar

ဒိုဟာတွင် ပစ္စည်းရောင်းချခွင့်လိုင်စင်ရယူထား ခြင်းမရှိသော ဆေးဖက်ဝင်ဆေးဝါးများနှင့်အလှကုန် ပစ္စည်းများ ဖမ်းဆီးရမိ အာရပ်စော်ဘွားနိုင်ငံတစ်ခု ဖြစ် သည့်  ကာတာနိုင်ငံ၊  ဒိုဟာမြို့တွင် Amusement Village တစ်ခုရှိ  Consumer Goods Exhibition တွင်The Public Authority for Consumer Protection (PACP) ၏ ပြောကြားချက်အရဆေးဝါးနှင့်အာဟာရတို့အတွက်အသုံးပြုရန်ရည်ရွယ်၍ယူဆောင်လာသည့်ဆေးဖက် ဝင်ဆေး ဝါး များနှင့်အလှကုန်ပစ္စည်းများထည့်သွင်းထားသည့် သေတ္တာ၈၀၀ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။ PACP ဌာနမှတာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါပစ္စည်းများမှာဒိုဟာမြို့အတွင်း ရောင်းချရန်အတွက်ခွင့်ပြု ချက် သို့မဟုတ်လိုင်စင်ပေးအပ်ထားခြင်းမရှိကြောင်းနှင့် နိုင်ငံ၏ကျန်းမာရေးနှင့်လုံခြုံစိတ်ချရမှုဆိုင်ရာစံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိသဖြင့် အသုံးပြုသူများကို အန္တရာယ်ဖြစ်စေ နိုင်ကြောင်းလည်း သိရှိရပါသည်။

အဆိုပါ ဆေးဖက်ဝင်ဆေးဝါးများ နှင့်အလှကုန်ပစ္စည်းများသည် PACP ဌာနမှထုတ်ပြန်သည့် Decision Number 136/2012 အရအကျုံးဝင်ပြီး အဆိုပါဆုံးဖြတ်ချက်၏ အပိုဒ် (၁) အရThe Ministry of Commerce and Industry ၏ခွင့်ပြုချက်မရရှိဘဲသဘာ၀ ဆေးဖက်ဝင်အပင်များသို့မဟုတ် သဘာဝအလျောက် အာဟာရ ဖြစ်ေ စသော အပင်ထွက်ပစ္စည်းများကို ဈေးကွက်ရှာဖွေရောင်းချခြင်းနှင့် ကြော် ငြာခြင်းတို့ မပြုလုပ်ရကြောင်းလည်း သိရှိရ ပါသည်။ထို့ပြင်အဆိုပါဆုံးဖြတ်ချက်၏အပိုဒ် (၂) တွင်လည်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ သဘာ၀ အလျောက် ဖြစ်သော သို့မဟုတ်ပြုပြင်ထုတ်လုပ်ထားသော ဆေးဖက်ဝင်အပင်များအားလုံးအား ဆေးဝါး ထုတ်လုပ် ရန်အတွက် capsules, tablets , ointments, liquid သို့ မဟုတ်powderစသည်ဖြင့် မည်သည့် ပုံစံဖြင့်မ ဆို ရောင်းချဖြန့်ဖြူးခြင်းနှင့် ကြော်ငြာခြင်းတို့ကို ခွင့်ပြုထားခြင်း မရှိ ကြောင်းလည်း သိရှိရပါသည်။ PACP ဌာနမှ စားသုံးသူများအနေဖြင့်အဆိုပါပစ္စည်းများကိုဝယ်ယူမည်ဆိုပါကပစ္စည်းများကို ရောင်းချခွင့်လိုင်စင်မိတ္တူအား ရယူကြ ည့် ရှုရန်လိုအပ်ကြောင်း၊လိုင်စင် မရှိပါက ဝယ်ယူခြင်း မပြုသင့်ကြောင်း ပြောကြားခဲ့ပါသည်။ PACP ၏ စည်း မျဉ်းအရ ဆေးဖက်ဝင်ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများ ရောင်းချမည့်ဆိုင် များသည် စားသုံးသူများမှ ၎င်းင်းတို့၏ ပစ္စည်းများအားဝယ်ယူခြင်းမပြုမီ ဖတ်ရှု နိုင်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှထုတ်ပေးသည့် လိုင်စင်ကိုပြသထားရန် လိုအပ်ပါသည်။ လက်ရှိကာလတွင် အိုမန်နိုင်ငံ Rustaq မြို့မှ ပြည်သူ့ဝတ်လုံတော်ရများသည် အချို့သောပစ္စည်းများကို ဝယ်ယူရာတွင် ပြေစာ ပေးအပ် ရန် ငြင်းဆန် သည့် ဆိုင်အချို့အား ဒဏ်ကြေးငွေ OMR 100 ကောက်ခံခဲ့ပါသည်။  PACP သည် လှုပ်ရှားဆောင်ရွက်မှု တစ်ရပ် အနေဖြင့် ပြည်သူအများအား၎င်းင်းတို့၏အခွင့်အရေးအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသည့် အခါ ပြေ စာ တောင်းခံသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။Rustaqတွင် အခြားအရေးယူ ဆောင်ရွက်ခဲ့သည့် ကိစ္စတစ် ရပ်မှာ ကော်ဖီဆိုင် များတွင် ရောင်းချသော အစားအစာ များအတွက်ဈေးနှုန်းစာရင်းဖော်ပြခြင်း မရှိသဖြင့် ဒဏ်ကြေးေ ငွ ကောက်ခံခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ဒိုဟာမြို့တွင် စားသုံးသူများအတွက်ဈေးကွက်အတွင်း လုံခြုံစိတ်ချရသော ကုန်စည်များရရှိစေရန်သက်ဆိုင်ရာဝန်ကြီးဌာနများမှအမိန့်ကြော်ငြာစာများ၊ စည်းမျဉ်းစည်းကမ်း များချမှတ်ဆောင်ရွက် လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ဗြိတိန်နိုင်ငံတွင်စားသုံးသူများအားကုန်သည်များ၏တရားမျှတခြင်းမရှိသောအလေ့အထများမှအကာအကွယ်ပေးအပ် ထား ဗြိတိန်နိုင်ငံ၏ Unfair Trading Regulations 2008 အရ ကုန်သည်များအား ၎င်းတို့၏ ဖောက်သည်များကို တရားမျှတစွာနှင့်ရိုးသား ဖြောင့်မတ်စွာဆက်ဆံရန်တာဝန်ပေးအပ်ထားပါသည်။ အဆိုပါစည်းမျဉ်းများ အရ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်စားသုံးသူများအားထင်ယောင်ထင်မှား ဖြစ်စေသော အပြုအမူများ ဖြစ်သည့် လိမ်လည်ပြော ကြားခြင်းနှင့် ရိုးသား ဖြောင့်မတ်ခြင်းမရှိဘဲ လျှို့ဝှက် စွာဆောင်ရွက်ခြင်းစသည်တို့ကို ပြုမူ လျှင်သော်လည်းကောင်း၊ ထင်ယောင်ထင်မှား ဖြစ်စေသောထိမ်ချန်မှုများဖြစ်သည့် စားသုံးသူအား ကုန်ပစ္စည်း ဝယ် ယူရာတွင် သင့်လျော်သော ဆုံးဖြတ် မှုများ ပြုလုပ်စေနိုင်မည့် ပြည့်စုံမှန်ကန် သော သတင်းအချက်အလက်အား ဖုံး ကွယ်ထားခြင်း၊ သို့မဟုတ် သတင်းအချက်အလက်အားအချိန်နောက်ကျမှပေးအပ်ခြင်း၊သို့မဟုတ်သတင်းအချက်အလက်အားရှင်းလင်းစွာဖော်ပြ ထား ခြင်းမရှိဘဲ ရှုပ်ထွေးစွာဖော်ပြထားခြင်း စသည်တို့ကို ပြုမူလျှင်သော်လည်း ကောင်း တာဝန်ယူ ဆောင်ရွက်ေ ပးရမည် ဖြစ်ပါသည်။ ယင်းစည်းမျဉ်းအရ အလေ့အထ ၃၁ မျိုးအား တားမြစ်ထားပြီး ၎င်းင်းတို့ အနက် ဗြိတိန်နိုင်ငံတွင် အများဆုံး ဖြစ် ပွားလေ့ရှိသော အတင်းအကျပ်အိမ်အရောက် ရောင်းချခြင်း၊ ဖိအားပေး ရောင်းချခြင်းနှင့်အစဉ်အမြဲဖုန်းခေါ်ခြင်း စသည်တို့ပါဝင်ပါသည်။ထို့ပြင်စားသုံးသူများအားအပြည့်အဝရွေးချယ်နိုင်သည့် အခွင့်အလမ်းကို ပေးအပ်ခြင်း မရှိဘဲ အလျင်အမြန်တုံ့ပြန်မှုရရှိစေရန်အတွက်ကုန်ပစ္စည်းတစ်ခုအားအချိန်အကန့်အသတ်ဖြင့်သာရရှိနိုင်ကြောင်းလွဲမှား စွာဖော်ပြသည့်အပြုအမူကိုလည်း တားမြစ်ပိတ်ပင်ထားပါသည်။ ထို့နောက်ဗြိတိန်နိုင်ငံတွင်ကုန်ပစ္စည်း သယ်ဆောင် သူပြစ်မှု(Courier Crime)မှာလည်းတိုးတက် ဖြစ်ပေါ်လျက်ရှိပြီးလိမ်လည်ခံရမည့်သူအား ရဲအမှုစုံစမ်းစစ်ဆေးရာ တွင်ပါဝင်ကူညီရန် တောင်းဆိုလေ့ရှိပါသည်။ထို့နောက်လိမ်လည်ခံရသူအား ငွေများထုတ်ယူရန်နှင့် အိမ်သို့ သယ်ယူ သွားရန် တောင်းဆိုပြီးနောက် ကုန်ပစ္စည်းသယ်ဆောင်သူမှ အဆိုပါ ငွေများအားလိမ်လည်၍လာရောက် ယူ ဆောင် သည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့သော စားသုံးသူများအပေါ် လိမ်လည်မှုများအတွက့်Unfair Trading Regulations 2008အရ သက်ဆိုင်ရာ လိမ်လည်သူအားအရေးယူဆောင်ရွက်ခြင်း၊ လိမ်လည်မှုများ မဖြစ်ပေါ် စေရ န် ကာကွယ်တားဆီးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ဖြင့် ဗြိတိန်နိုင်ငံတွင်တရားမျှတမှုမရှိသော ကုန် သွယ်မှုတို့ဖြင့် စားသုံးသူများအပေါ်လိမ်လည်မှုတို့အားသတ်မှတ်ထား သော စည်းမျဉ်းများဖြင့်ထိရောက်စွာ အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိ ရပါသည်။