Main menu

Background

ထိုင်းနိုင်ငံ၏ ပြည်နယ်ငါးခုတွင် အထူးစီးပွားရေးဇုန်များ ဖွင့်လှစ်ရန်စီစဉ်လျက်ရှိ

Thu, 09/04/2014 - 08:16 -- ydnar

 
မြန်မာနိုင်ငံနှင့်အိမ်နီးချင်း ထိုင်း နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရန်နှင့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင်ပေါ်ပေါက် လာမည့်အာဆီယံအသိုက်အဝန်း အတွက် ပြင်ဆင်သည့်အနေဖြင့်Tak ပြည်နယ်ရှိ မဲဆောက်ခရိုင် Sakaeo ပြည်နယ်ရှိ Aranyaprathetအ ခရိုင်၊Trat ပြည်နယ်ရှိ Kholng Yai  ပြည်နယ်ရှိMukclahan ခရိုင်၊ Mueang ပြည်နယ်ရ Songkhla တို့တွင် အထူးစီးပွားရေးဇုန်များ တည် ဆောက်သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။

ထိုင်းနိုင်ငံ အထူးစီးပွားရေးဇုန် မူဝါဒ ကော်မတီရဲ့ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ အစည်းအဝေးမှာ အထက် ပါ ပြည်နယ်ငါးခု၌ အထူးစီးပွား ရေးဇုန်များ တည်ထောင်ရန်အတွက် အတည်ပြုခဲ့ခြင်းဖြစ်ပြီး အထူးစီးပွား ရေးဇုန်များ တည်ထောင်မှုကို ထောက်ပံ့ ပေးရန်စံသတ်မှတ်ချက်များနှင့်စီမံချက်များကိုလည်း အတည်ပြုခဲ့ကြပြီး ရင်းနှီး မြှုပ်နှံ မှုဆိုင် ရာအထူးအခွင့်အရေးများ၊ onestop service စင်တာများ၊ ရွှေ့ပြောင်း အလုပ်သမားများ အသုံးပြု ခြင်းကို ကူညီေ ထာက်ပံ့ပေးရန် စီမံချက်များ၊ ဒေသတွင်းဆက်သွယ်မှုကို မြှင့် တင်ရန်နှင့် အထူးစီးပွားရေးဇုန်များနှင့် ဆက်နွ ယ်လျက် ရှိသော အကောက် ခွန်ဦးစီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ အခြားသက်ဆိုင်ရာဌာနများအား အဆင်ေြ ချာမွေ့စေရန် အဝင် အထွက်လမ်းကြောင်းများ ပိုမိုကောင်း မွန်အောင်ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားကြောင်း လည်း သိရပါ တယ်။ အဆိုပါ အစည်းအဝေးမှာပင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထူးအခွင့် အရေးများ ရွှေ့ပြောင်းအလုပ်သမား များကိုအလုပ် ခန့်ထားခြင်းနှင့်ကျွမ်းကျင် မှုတိုးတက်ရေး၊အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်စစ်ေ ဆး ရေးဂိတ် များ တိုးတက်ကောင်းမွန်ရေးတို့အတွက်ကိုင်တွယ်ဆောင်ရွက်ရန် ''အကျိုးအမြတ်များ အထူးအခွင့်အရေး များ ရင်းနှီးြ မှု ပ်နှံ မှုများအတွက်one-stop serviceစင်တာဖွံ့ဖြိုးရေးစီမံကိန်း ဆိုင်ရာဆပ်ကော်မတီ ''၊''အလုပ်သမား ပြည်သူ့ ကျန်းမာေ ရးနှင့်လုံခြုံရေးဆိုင်ရာ ဆပ်ကော်မတီ'' နဲ့ 'အကောက်ခွန်စစ် ဆေးရေးဆိုင်ရာဆပ်ကော်မတီ''စသည့် ဆပ်ကော်မတီ သုံးခုဖွဲ့စည်းရန်ကိုလည်းအတည်ပြုခဲ့ကြောင်း၊ ထိုင်းနိုင်ငံရဲ့စီးပွားရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူတစ်ဦးရဲ့ အဆိုအရ သိရပြီး၊ ယင်းကဲ့သို့ ထိုင်းနိုင်ငံရဲ့စီးပွားရေးဇုန်များတိုးချဲ့ တည်ထောင်မှုက မြန်မာနိုင်ငံရဲ့ မြဝတီ နှင့်ဘားအံစက်မှု ဇုန်များ ဖွံ့ဖြိုးတိုးတက် ရေးအပေါ် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ထပ်လောင်းပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။