လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအတွက် အမယ်သစ်သွင်းကုန် ပဲကြီး တင်သွင်း

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ သြဂုတ်လအတွင်းမှာ ပဲကြီးတန် ၄၀ တင်သွင်း လာ တာကြောင့်ပဲကြီးဟာ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ သွင်းကုန် အမယ်သစ်ဖြစ်ပါတယ်။ သြဂုတ်လ အတွင်းမှာလွယ်ဂျယ်နယ်စပ်စခန်းမှ တစ်ဆင့် ကုန်သွယ်မှု ပြုလုပ်နေတဲ့ ကုမ္ပဏီသုံးခုဟာ ပဲကြီး တန် ၄၀၀ နဲ့ စားတော်ပဲ တန် ၃၀၀ တင်သွင်းရန် လိုင်စင်ခွင့်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။ ယခုပထမဆုံးအနေနဲ့ တန် ၄၀ ကိုတင်သွင်းခဲ့တာဖြစ်ပြီးဆက်လက် တင်သွင်းသွားမယ်လို့သတင်းရရှိပါတယ်။

နယ်မြေတည်ငြိမ်မှု ရှိလာခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာခြင်း၊ ပွင့်လင်းရာသီရောက်လာခြင်း တို့ကြောင့် ကုန်သွယ်မှု တိုးတက်လာ ရေး ကုန်သည်လုပ်ငန်းရှင်များကလည်း ကြိုးပမ်းဆောင်ရွက်တာနဲ့အမျှကုန်သွယ် မှုတက်လာနိုင်မယ်လို့ မျှော်မှန်းထားပါ တယ်။
သြဂုတ်လမှာပို့ကုန်ကန်ဒေါ်လာ ၄ ဒသမ ၀၃၁ သန်း၊ သွင်းကုန်ကန် ဒေါ် လာ သုည ဒသမ ၃၄၁ သန်း၊ ကုန်သွယ် မှု ပမာဏကန်ဒေါ်လာ ၄ ဒသမ ၃၇၂ သန်းဆောင်ရွက်နိုင်ခဲ့ပြီး အနီးစပ်ဆုံး ကာလထက် ပို့ကုန်ရော သွင်းကုန် ပိုမို ဆောင်ရွက်နိုင်သဖြင့်ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ပါတယ်။ ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်ပိုမိုသဖြင့် သွင်းကုန် လျော့နည်းသော်လည်း ကုန်သွယ်မှုပိုမို ခဲ့တယ်လို့ သိရပါတယ်။
လွယ်ဂျယ်နယ်စပ်ရဲ့ အများဆုံး ပို့ ကုန်များမှာ ဆန်၊ ပြောင်းဖြစ်ပြီး အများ ဆုံး သွင်းကုန်များမှာ ဘိလပ်မြေ၊ ဓာတ် မြေသြဇာ (urea, compound) နှင့် ပဲကြီးတို့ ဖြစ်ကြပါတယ်။