ITC ကတ်မူရင်းပျောက်ဆုံးပါက ဝန်ဆောင်ခ ၃၀၀၀ ကျပ် ပေးသွင်းလျှင်မိတ္တူမှန်ထုတ်ပေးမည်ဖြစ်

 

ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုပပျောက်ပြီး တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ် သို့ ရောက်ရှိစေရန်ရည်ရွယ်ပြီး နယ်စပ် ဒေသများတွင် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတITC ကတ်များထုတ်ပေးပြီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခွင့်ပြုထားပြီဖြစ်ပါတယ်။

ယခုအခါတစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ITC ကတ် မူရင်းပျောက်ဆုံးသွားပါသဖြင့် အသစ် ထပ်မံထုတ်ပေးပါရန်လုပ်ငန်းရှင်များရဲ့ တင်ပြေ တာင်းဆိုချက်အရ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ နှုဃဃ အစည်းအဝေးဆုံးဖြတ်ချက်အရITC ကတ် ပိုင်ရှင်၏ကိုယ်တိုင်ရေးလျှောက်လွှာITC ကတ်မိတ္တူ၊ITC ကတ် ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံ ချက်တို့နှင့် အတူ မိတ္တူမှန်ထုတ်ပေးခြင်း တို့အတွက် နိုင်ငံတော် ငွေစာရင်းသို့ ဆောင်ရွက်ခအဖြစ် ငွေ ၃၀၀၀ ကျပ် ပေးသွင်းလျှင် မိတ္တူမှန် ထုတ်ပေးရန် ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ယခု ဘဏ္ဍာနှစ်စဧပြီလ၁ရက်နေ့မှ သြဂုတ် လ ၂၂ ရက်ထိ နယ်စပ်ဒေသ များမITC ကတ် ၂၀၉ ကတ် ထုတ်ပေးနိုင်ပြီး ပို့ကုန် ကျပ် သန်းပေါင်း ၁၄၃၀ ဒသမ ၇၅၇ နှင့် သွင်းကုန်ကျပ်သန်းပေါင်း ၁၉၆၀ ဒသမ ၀၆၇ခန့်ဆောင်ရွက်နိုင် တယ်လို့ သတင်းရရှိပါတယ