ပုသိမ်ဆန်လက်လီဈေးကွက် ပုံမှန်ရောင်းဝယ်လျက် အညာဘက်မှ နွေသီးထပ်ဆန်ဝယ်လိုအား လျော့နည်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ နယ်အတွင်းရှိ ဆန်စပါးဈေးကွက်မှာ တိုင်းအတွင်းလက်လီစားသုံးမှုဈေးကွက် နဲ့ ရန်ကုန်လက်လီဈေးကွက်သို့ ပုံမှန် တင်ပို့လျက်ရှိသော မိုးဆန် ဧရာဝတီ ပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ရွှေသွယ်၊ မျိုး ပွား၊ မနောသုခဆန် လက်လီဈေးကွက်မှာ သြဂုတ်လဈေးနဲ့ စက်တင်ဘာလ ပထမပတ်အတွင်း ဈေးနှုန်းအပြောင်း အလဲမရှိ  ပုံမှန်ရောင်းဝယ်လျက် ရှိ ကြောင်း သိရပါတယ်။

ပုသိမ်မြို့တွင်းရှိ စက်ပိုင်ကုန်သည် အများစုမှာ မိုးစပါးကို လက်လီဈေး ကွက်အတွက် အဓိကထားပြီး နှစ်စဉ် သိုလှောင်လျက်ရှိသော်လည်းအချို့ကုန်သည်စက်ပိုင်အများစုမှာ နွေသီးထပ်ရင်စပါးကိုပိုမို လှောင်လေ့ရှိကြာင်း ၊အထက် အညာမန္တလေးမူဆယ် ဈေးကွက်သို့ နွေသီးထပ်ရင်ဆန်များသာ အဓိကထားရောင်းချလျက်ရှိ ကြောင်း၊ ယခုနွေသီး ထပ် ရင် ဆန်ဝယ်လိုအား လျော့နည်းသွားသောကြောင့် သီးထပ်ရင် စပါးဈေးနဲ့ ဆန်ဈေးမှာအတက်မရှိတော့ဘဲအကျဘက် သို့သာ ဦးတည်လျက်ရှိကြောင်း အရောင်းအဝယ်သွက်ရင် ဈေးနှုန်း မြင့်တက်ပြီးအရောင်းအဝယ် အေးရင် ဈေးနှုန်း ကျဆင်းမှုများရှိကြောင်း ဆန်စပါး ဈေး ကွက်မှ သိရပါတယ်။ ဆန်စပါးဈေးကွက်မှာ တောင်သူနဲ့ ဈေးကွက် ပြောင်းပြန်အချိုးကျပြီး ဈေးတက်ရင်တောင်သူများမှာထပ်မံပြီး ဈေး တက်နိုင်တယ်လို့ယူဆပြီး ရောင်းချမှုနည်းကြောင်းဈေးနှုန်းကျဆင်းလာပါက ဈေးထပ်မံကျဆင်းလာမှာကိုစိုးရိမ်တဲ့ အတွ က် မိမိနစ်နာမယ်လို့ ယူဆကာ အလုအယက်ရောင်းချမှုများရှိကြောင်း ဆန်စပါးဈေးကွက်မှ သိရပါတယ်။