Main menu

Background

ဗီယက်နမ် စက်ရုံများရဲ့သြဂုတ်လ သံမဏိသုံးစွဲမှု ကျဆင်း

Fri, 09/12/2014 - 13:59 -- ydnar

 
ဗီယက်နမ်ရှိသံမဏိစက်ရုံတွေရဲ့ သံမဏိသုံးစွဲမှုက ၂၀၁၄ ခုနှစ် ပထမ ရှစ်လအတွင်း အထူးသဖြင့် ဆောက် လုပ်ဆဲ အဆောက်အအုံတွေအတွက် သုံးစွဲမှုက နိမ့်ကျနေဆဲဖြစ်ကြောင်း စက်မှုလုပ်ငန်းနဲ့ ကုန်သွယ်မှုဝန်ကြီးဌာန ရဲ့ပြောကြား ချက်ကိုVNSသတင်းမှာ ဖော်ပြထားပါတယ်။

သြဂုတ်လအတွင်းသံမဏိအကြမ်း ထုတ်လုပ်မှုက တန်ချိန် ၂၈၀၅၀၀ ရှိပါ တယ်။ ယခင်လနဲ့ နှိုင်းယှဉ်ရင် ကိုးရာ ခိုင်နှုန်းမြင့်တက်ပါတယ်။ သံပြားထုတ် လုပ်မှုက နှစ်အလိုက်နှိုင်း ယှဉ်ရင် ၁၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန် ၂၉၁၁၀၀ ရှိခဲ့ကာ သံချောင်းထုတ်လုပ်မှုက ၂၉၄၆၀၀ တန်ရှိပါတယ်။ ပထမရှစ်လအတွင်းမှာ သံမဏိ ကုန်ကြမ်းအထွက်ကခန့်မှန်းခြေတန်ချိန် ၁ဒသမ ၉ သန်းရှိခဲ့ရာ ယခင်နှစ်အလား တူကာလနဲ့ နှိုင်းယှဉ်ရင် သုည ဒသမ ၀၁ ရာခိုင်နှုန်းကျဆင်းပါတယ်။ သံပြား ထုတ်လုပ်မှုကတန်ချိန်၂ဒသမ၃သန်းရှိ ပြီး နှစ်အလိုက်တိုးတက်မှု ၂၃ ရာခိုင် နှုန်းရှိပါတယ်။ သံချောင်းထုတ်လုပ်မှုက တန်ချိန်၂ ဒသမ ၂၈ သန်းရှိခဲ့ပါတယ်။ သြဂုတ်လရဲ့ သံမဏိတင်သွင်းမှု ကိုယခင်လနဲ့နှိုင်းယှဉ်ရင်အရေအတွက် အရ ၄၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ဖိုး အရ ၃၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီကနေ သြဂုတ်အထိ သံမဏိတင်သွင်းမှုက ယခင်နှစ်ကာလတူ နဲ့ နှိုင်းယှဉ်ရင် အရေအတွက်အရ ၁၄ ရာခိုင်နှုန်းနဲ့ တန်ဖိုးအရ ၇ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ သုံးစွဲမှုနိမ့်ကျရတာကစီးပွားရေးအခက်အခဲတွေနဲ့မိုးရာသီကာလမှာအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းတွေ ရဲ့ဝယ်လိုအားကျဆင်းသွားတာကြောင့် ဖြစ်တယ်လို့ ဝန်ကြီးဌာနကပြောပါ တယ်။ ဗီယက်နမ်မြောက်ပိုင်းဒေသကစက်ရုံတချို့ရဲ့သုံးစွဲမှုနည်းလာတာနဲ့ပစ္စည်းလက်ကျန်တွေများနေတာကြောင့် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းရတော့မယ့်အခြေအနေရှိတယ်လို့ဆိုပါတယ်။ ပြည်ပက တင်သွင်းလာတဲ့ သံတွေနဲ့ ယှဉ်ပြိုင်နိုင် ဖို့အတွက် တချို့စက်ရုံတွေ က ဈေးချပေးခြင်း၊ သယ်ယူစရိတ် ထောက်ပံ့ခြင်းနဲ့ ဈေးပိုလျှော့ပေးခြင်း စတဲ့ဆောင်ရွက်မှုေ တွနဲ့ ဆွဲဆောင်ရ မယ့်အခြေအနေရှိနေတယ်လို့ပြောပါ တယ်။