မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း အိန္ဒိယနိုင်ငံမှ တင်သွင်းနိုင်ချေရှိ

 
မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်များ တွင် ဆန်ပြတ်လတ်မှုမရှိစေရန် အိန္ဒိယ နိုင်ငံဟာ မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်းကိုတင်သွင်းသွားမယ် time- sofindia indiatimes.com သတင်း မှာ ဖော်ပြထားပါတယ်။ အာသံပြည် နယ်ရှိLunding နဲ့ှSilchar  ကို ဆက် သွယ်တဲ့ ရထားလမ်းဖောက်လုပ်ရေး လုပ်ငန်းကိုလုပ်ဆောင်နေပြီးထိုလမ်းပိုင်း ဟာမဏိပူရပြည်နယ်၊မီဇိုရမ်ပြည်နယ်တို့နဲ့အိန္ဒိယရဲ့ကျန်ပြည်နယ်များကို ဆက်သွယ်ရန် အတွက် ဖြစ်ကြောင်း၊ ပြည် တွင်း သိုလှောင်ထားသော ဆန်ပမာဏ လုံလောက်မှုရှိသော်လည်း ထိုလမ်းပိုင်းဖောက်လုပ်ရေး လုပ်ငန်းခွင် အတွက် လိုအပ်သော ဆန်ကို မြန်မာ ပြည်မှ တင်သွင်းရန်အတွက် စီစဉ် နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို မြန်မာနိုင်ငံက ကုန်းလမ်း မှတစ်ဆင့်ဆန်တင်သွင်းမှုဟာ နှစ်ပေါင်း သုံးဆယ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရ ဟာ ဈေးနှုန်းကို  အကဲဖြတ်နိုင်ရန်  စက်တင်ဘာလ ၈ ရက်နေ့က တင်ဒါ ခေါ်ယူထားတယ်လို့ သတင်းမှာဖော်ပြ ထားပါတယ်။ သတင်းရင်းမြစ်များအရ အောက်တိုဘာလမှစပြီး လစဉ်ဆန် တန်ချိန်၂၀၀၀၀ စတင် တင်သွင်းမယ် လို့ သိရပါတယ်။ အိန္ဒိယ စားသောက် ကုန် ကော်ပိုရေးရှင်းFood Corporation of India-FCIကိုယ်စားလှယ်State Trading Enterprises(STEs)က တင်ဒါခေါ်ယူ မှာ ဖြစ်ပါတယ်။ ဒီမဏိပူရနဲ့ မီဇိုရမ်ပြည်နယ်များ မှာ စပါးထွက်ရှိမှု လျော့နည်းနေတဲ့ အတွက်FCI အနေနဲ့ ကီလိုမီတာ ၄၀၀ မှ ၆၀၀ ဝေးကွာတဲ့အရပ်မှ စပါးများကို ထိုပြည်နယ်များသို့ပို့ပေးရမှာဖြစ်ပါ တယ်။Guwahati ရှိအဝေးပြေးလမ်းမ ကြီးအမှတ် ၄၄တစ်ခုသာ ထိုပြည်နယ် များနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖြစ်ပြီးသယ်ယူရန် လမ်းကြောင်း အခြေ အနေမှာတောင်တက်တောင်ဆင်းများ ပြီးမကြာခဏတောင်ပြိုတတ်တဲ့အလေ့ ရှိတဲ့အတွက်စိန်ခေါ်မှုများစွာရှိနေတယ် လို့ သတင်းရင်းမြစ်များက ဆိုပါတယ်။ ဒီအချက်အလက်တွေကြောင့် ဒီပြည်နယ်တွေမှာ အဓိက ဆန်မပြတ် တောက်စေရန်  မြန်မာနိုင်ငံမှ ဆန်တင် သွင်းရန် ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်များရဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်တဲ့ အချက်ကလည်း မြန်မာနိုင်ငံမှ ဆန် ကိုတင်သွင်းရန် အားသာစေပါတယ်။ ဒါ့အပြင် အိမ်နီးချင်း မြန်မာနိုင်ငံမှာ လည်း ဆန်ဖူလုံ ပိုလျှံတာကလည်း အိန္ဒိယကို မျက်စေ့ကျစေခဲ့ပါတယ်။ အရှေ့မြောက်ပိုင်း ပြည်နယ်များ ရဲ့ စပါးထွက်ရှိမှုဟာ လုံလောက်မှုမရှိဘဲ အမြဲတမ်း လိုအပ်နေပြီး ၤFCI ဟာPunjab နဲ့ Chattisgash မှ အာသံ ပြည်နယ် Guwahati ထိုမှတစ်ဆင့် မီဇိုရမ်နဲ့ မဏိပူရတို့သို့ တင်ပို့နေရ တာ ဖြစ်ပါ တယ်။ သြဂုတ်လ ၁၆ ရက်နေ့မှာ ဆန် တန်ချိန် ၁၈၄ သိန်းကျော် အိန္ဒိယနိုင်ငံ မှာရှိနေပြီးအောက်တိုဘာလ၁ ရက်နေ့ ထိမှာတော့အရန်ဆန် ၇၂ သိန်းခန့် ရှိ နေပါတယ်။ ထပ်မံပြီး ဆန်မကြိတ်ရ သေးသော စပါးတန်ချိန် ၇၄ သိန်း ဝန်းကျင် အိန္ဒိယနိုင်ငံအနေနဲ့ လိုအပ် နေဆဲဖြစ်တယ်လို့ ၤFCI မှပြောကြား ကြောင်း အွန်လိုင်းသတင်းမှာ ဖော်ပြ ထားပါတယ်။