Main menu

Background

ပဲပြတ်လတ်နိုင်ဖွယ်ရှိတဲ့အတွက် အိန္ဒိယမှာ ပဲမျိုးစုံဈေးနှုန်းမြင့်တက်လျက်ရှိ

Tue, 09/23/2014 - 13:22 -- ydnar

 
မိုးရာသီမှာ မိုးရေလုံလုံလောက် လောက် မရရှိတဲ့အတွက် မိုးပဲအထွက် ကျဆင်းဖွယ်ရှိနေကြောင်း၊ ဒါကြောင့် အိန္ဒိယနိုင်ငံ ဒေသတော်တော်များများ မှာပဲတီစိမ်းလို အဓိကပဲတွေရဲ့ လက်လီ ဈေးနှုန်းတွေ ကသိသိသာသာမြင့် တက် နေတယ်လို့ သိရပါတယ်။ ချန်နိုင်းမှာရှိတဲ့ စားသုံးသူတွေအနေနဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတွေ ကို ဈေးအမြင့် ဆုံး ပေးဝယ်နေကြရပြီး အဲဒီနောက်မှာ ဒေလီ၊ မွန်ဘိုင်းနဲ့ ကိုလ်ကတ္တား ဈေး ကွက် ဈေးနှုန်းက ကြီးမြင့်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ မကြာသေးခင်က ကြက်သွန်နဲ့ ခရမ်းချဉ်သီး ဈေး နှုန်းေ တွ စံချိန်တင ်နီးပါးမြင့် တက်မှု နဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ယခုအခါ ပဲမျိုး စုံ ဈေးနှုန်းကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရ ပါတယ်။

စားသုံးသူရေးရာ ဝန်ကြီးဌာနက ပြုစုတဲ့ စာရင်းအရ ပဲတီစိမ်းလက်လီ ဈေးနှုန်းက လွန်ခဲ့တဲ့တစ်နှစ်က တစ် ကီလိုကိုရူပီး ၇၂ (ကန်ဒေါ်လာ  ၁ ဒဿမ ၁၈)ရှိရာမှယနေ့မှာတော့ ရူပီး ၉၉ (ကန်ဒေါ်လာ ၁ ဒဿမ ၆၃) အထိ ရောက်ရှိနေပြီး အလားတူပဲ မတ်ပဲ ဈေးမှာလည်း ရူပီး ၆၁ (ကန်ဒေါ်လာ ၁ ဒဿမ ၀၀၁) ရှိရာမှ ရူပီး ၉၀ (ကန်ဒေါ်လာ ၁ ဒဿမ ၄၈)၊ ပဲစင်းငုံ ဈေးနှုန်းမှာလည်း ရူပီး ၇၁ (ကန်ဒေါ် လာ ၁ ဒဿမ ၁၇ ) ရှိရာမှ ရူပီး ၈၁ (ကန်ဒေါ်လာ ၁ ဒဿမ ၃၃) ထိ မြင့် တက်လာတယ်လို့ သိရပါတယ်။ ဒေလီ မှာ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်း လက်လီ ဈေးတွေက ရူပီး ၈၀-၈၈ (ကန်ဒေါ်လာ ၁ ဒဿမ ၃၁- ၁ ဒဿမ ၄၅ ) ဝန်းကျင်မှာရှိနေပြီး မွန်ဘိုင်းနဲ့ ကိုလ် ကတ္တားမှာ အဲဒီပဲ ဈေးနှုန်းတွေက ရူပီး ၇၈-၉၅ (ကန်ဒေါ် လာ ၁ ဒဿမ ၂၈- ၁ ဒဿမ ၅၆ ) နဲ့ ရူပီး ၇၃-၉၅ (ကန် ဒေါ်လာ ၁ ဒဿမ ၂၁- ၁ ဒဿမ ၅၆ )ဈေးတွေရှိနေတယ်လို့သိရပါတယ်။ အဲဒီ မိုးပဲသုံးမျိုးလုံးရဲ့ ဈေးနှုန်း တွေက ၂၀၁၂ မှာပေါက်ခဲ့တဲ့ဈေးတွေ ထက် ကျော်လွန်နေပြီလို့ Agriwatchလယ်ယာသုတေသနနဲ့ အကြံပေးအဖွဲ့ ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သ V N Saroja  က PTI  ကို ပြောကြားပါတယ်။ လက်လီလက်ကား ဈေးနှုန်းတွေ ဆက် ပြီး မြင့်တက်နေဆဲဖြစ်လို့ ဝယ်လိုအား ကျဆင်းနေ တဲ့ အတွက် ဈေးနှုန်းမြင့် တက်မှု အကျိုးကို တောင်သူတွေပါခံစားနိုင်အောင်အစိုးရက ဆောင်ရွက်သင့်တယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အရင်နှစ်တွေတုန်းကလို ပဲပုပ် သီးနှံကို ပိုမို စိုက်ပျိုးကြမှာကိုတွေ့ရလိမ့် မယ်လို့လည်း ပြောကြားပါတယ်။ ပဲမျိုးစုံက သဘာဝမိုးရေသောက် ဒေသတွေမှာ များစွာ စိုက်ပျိုးကြတယ်။ မိုးရေမလုံလောက်တာကြောင့် မိုးရာသီ ထွက်ပဲတီစိမ်း၊ မတ်ပဲနဲ့ ပဲစင်းငုံတွေရဲ့ အထွက်ကိုထိခိုက်နိုင်ပြီးလက်ရှိမှာလည်း  အဲဒီပဲဈေးေ တွ  မြင့်တက်နေ ပြီ ဖြစ် တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပဲ အများစုကို လာမယ့်လမှာ စတင်မယ့် ဆောင်းရာသီမှာ စိုက်ပျိုးတာဖြစ် လို့ ဒီကာလအတွင်းအဓိကပဲဖြစ်တဲ့ ပဲရာဇာ ပြတ်လပ်မှုကို ဖြည့်ဆည်းဖို့  ရည်မှန်း ထားတယ်လို့ ဆိုပါတယ်။ နောက်ဆုံးလစဉ်အစီရင်ခံစာမှာ မိုးမလုံလောက်တဲ့အတွက် မိုးပဲရာသီ အတွင်း ပဲမျိုးစုံအထွက်က ရည်မှန်း ချက်အောက်ရောက်နိုင်လို့ပဲရာဇာဖူလုံမှုနည်းကာပဲမျိုးစုံ ဈေးနှုန်း မြင့်တက်နေတာဖြစ်ကြောင်း Agriwatchမှာ ဖော်ပြ ထားပါတယ်။ အရင်ကစာရင်းတွေအရ မိုးရာသီ မိုးရေမလုံလောက်မှုက ၁၀ ရာခိုင်နှုန်း ကျော်တာကြောင့် အိန္ဒိယ မိုးပဲမျိုးစုံ အထွက်လည်း ကျဆင်းမယ်။ အထူး သဖြင့် မုတ်သုံမိုးစတင်ရွာသွန်းမှုနောက် ကျတာလည်း ပဲအထွက်ကျဆင်းရတဲ့ အချက်ထဲမှာ ပါဝင်တယ်လို့ဆိုပါတယ်။ မိုးပဲအထွက်ခန့်မှန်းချက်အရ အစိုးရရဲ့ မူလ ရည်မှန်းထားတာထက် မတ်ပဲ အထွက်က ၁၆ ရာခိုင်နှုန်း၊ ပဲတီစိမ်းက ၂၇ ရာခိုင်နှုန်းနဲ့ ပဲစင်းငုံက ၁၇ ရာခိုင် နှုန်းခန့် လျော့ကျဖွယ်ရှိတယ် လို့လည်း Agriwatch က ဆိုပါတယ်။ ပဲစင်းငုံ အနေနဲ့ တန်ချိန် ၃၁ ဒသမ ၆၇ သိန်း၊ မတ်ပဲက တန်ချိန် ၁၀ ဒသမ ၁ သိန်းနဲ့ ပဲတီစိမ်းက ၇ ဒသမ ၈၉ သိန်း ခန့် ထွက်မယ်လို့လည်း ယင်းအစီရင်ခံစာ မှာ ဖော်ပြထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ပဲမျိုးစုံတန်ချိန် ၁၉၂ ဒသမ ၇ သိန်း ထွက်ရှိခဲ့ပြီး လိုအပ်ချက်ကို ပြည်ပကနေ တင်သွင်းခြင်းဖြင့် ဖြည့်ဆည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း ဝယ်လိုအားက တော့ တန်ချိန် ၂၁၀-၂၂၀ သိန်းခန့် ရှိ တယ်လို့ သိရပါတယ်။