Main menu

Background

ဈေးမာလာတဲ့ ပြည်ချင်း (ဥမ) ဈေးကွက်

Fri, 09/26/2014 - 15:09 -- ydnar

 
ယခုတစ်ပတ် ပြည်ချင်းဈေးကွက်မှာတော့ ချင်း (ဥမ) အရောင်းအဝယ်က ပုံမှန်ရှိပြီး ဈေးကွက်အတွင်း ချင်းလှောင်လက် များထံတွင်ချင်း(ဥမ)လက်ကျန်တွေရှိနေကာချင်းအတက်များအဝင်မရှိသေးကြောင်းသိရပါတယ်။ အောင်ပန်း၊ တောင်ကြီး ဘက်မှ ယခုတစ်ပတ်အတွင်း ပိသာ ၃၀ ဝင်  ၁၅  အိတ်ခန့်အဝင်ရှိ၍ ဈေးနှုန်းမှာလည်း တစ်ပိသာကို ချင်း (ဥမ) ၂၀၀၀

ကျပ်မှ ၂၂၀၀ ကျပ်တို့နဲ့  ရောင်းဝယ်လျက်ရှိတာကြောင့် ယခင်အပတ်ဈေးထက် ၂၀၀ ကျပ်ဈေးမြင့်သွားကြောင်း ချင်းပွဲရုံ များမှ သိရပါတယ်။ ပြည်ဈေးကွက်အတွင်း လက်လီ၊ လက်ကား ရောင်းဝယ်သူများနဲ့ ချင်း(ဓားလှီး) သမားများအပြင် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့မှုအပါအဝင် တစ်ရက်ကိုပျမ်းမျှ ပိသာချိန် ၄၅၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။