Main menu

Background

ချင်းသစ်အဝင်နည်းနည်းများလာတဲ့ အောင်ပန်းချင်းဈေးကွက်

Fri, 09/26/2014 - 15:15 -- ydnar

ဒီတစ်ပတ်တော့ အောင်ပန်းဈေးကွက်မှာ ချင်းသစ်တွေ အဝင်နည်းနည်းများ လာပါပြီ၊ သီတင်းကျွတ်ကာလနဲ့ နီးလာတော့ နယ်အစုံကဝင်လာတဲ့ ချင်းစိုက ၅ ရက်တစ်ဈေးကို ပိဿသာချိန် နှစ်သောင်းခွဲခန့်ထိ အဝင်ရှိနေပါတယ်။ ချင်း အဝင်ကလည်း အဝင်ရှိတဲ့နေ့ဆိုရင် ခပ်များများ ဝင်လာသလို တစ်ခါတစ်လေလည်း တစ်ရက်လုံးမှ ပိဿသာချိန် ရာဂဏန်း

ခန့်သာ အဝင်ရှိတယ်လို့ ပွဲရုံတွေကသိရပါတယ်။ သီတင်းကျွတ်ပြီးရင်တော့ အဝင်က လှိုင်လာတော့မှာပါ။ အဲဒီ အချိန်မှသာ ချင်းရင့်တွေက ဈေးကွက်ကို ဝင်လာမှာဖြစ်ပါတယ်။  အခုလောလောဆယ် ဈေးကွက်မှာတော့ ချင်းနုတွေ သာအဝင်များနေပြီး၊ချင်းနုတွေကလည်း မိတ္ထီလာနဲ့ မန္တလေးဝယ်လက်တွေကသာဝယ်ယူနေကြပါတယ်။ ပြည်ပဝယ် လက်တွေကတော့ အခုထွက်နေတဲ့ ချင်းတွေကနုသေးတော့ တာရှည်ထားမခံလို့ ဝယ်ဖု့ိ စိတ်မဝင်စားသေးပါဘူး။ ချင်းရင့်တွေထွက်လာမဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းကျမှသာ ဝယ်ယူ နိုင်တယ်လို့လည်း သိရပါတယ်။ ပြည်တွင်း ထိုးချင်း သမားတွေကလည်း ဈေးသိပ် မြောက်နေတော့များများ မဝယ်နိုင်လို့ တစ်ခါမှာရင် ပိဿသာချိန် တစ်ရာ၊ နှစ်ရာ ခန့်သာ အမှာရှိနေတယ်လို့လည်း သိရပါတယ်။ ဟိုပုံးချင်းကတော့ လုံးဝမရှိတော့ပါဘူး။ နောက်နှစ်လ၊ သုံးလခန့် မှသာ ဈေးကွက်ကို ဝင်လာတော့မှာ ဖြစ်ပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းစိုသစ်က တစ်ပိဿသာကို ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိသာ ၂၂၀၀ ကျပ် ဈေးရှိပါတယ်။