Main menu

Background

အောက်ဆင်းနေတဲ့ ပခုက္ကူကြက်သွန်နီ

Tue, 09/30/2014 - 12:57 -- ydnar

 
၂၀၁၄ ခုနှစ်ဇူလိုင်လမှာအမြင့်ဆုံးဈေးရခဲ့တဲ့ ကြက်သွန်နီဟာ ယခုအချိန်မှာတော့ ဈေးများဆက်တိုက်ကျဆင်းလျက် ရှိနေပါတယ်။ ၂၀၁၄ ခု ဇူလိုင်လတုန်းက ထိပ်စ တစ်ပိသာ ၄၇၅ ကျပ်၊

လတ်စ တစ်ပိဿာ ၄၅၀ ကျပ်၊ အောက်စ တစ်ပိသာ ၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကြက်သွန်နီဟာယခုအချိန်မှာတော့ထိပ်စတစ်ပိသာ ၂၅၀ ကျပ်၊လတ်စ တစ်ပိ သာ၂၀၀ကျပ်၊ အောက်စ တစ်ပိသာ၇၅ ကျပ် ဆိုတဲ့ ဈေးအထိ ထိုးကျနေပါတယ်။ ၂၀၁၃ခုနှစ်ကကာလတူအနေအထား ကို  ပြန်ကြည့်ရင်ယခင်နှစ် ဒီအချိန်မှာထိပ်စ တစ်ပိဿသာ၆၅၀ကျပ်၊ လတ်စ တစ်ပိသာ ၆၃၀ ကျပ်၊ အောက်စတစ် ပိသာ၅၅၀ကျပ်ဆိုတာ ဖြစ်ခဲ့လေတော့ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းအနေအထားကအကွာကြီးကွာပါတယ်။ ပခုက္ကူကို ပေါက် မြို့နယ်မှ ကြက်သွန်နီအဝင်စာရင်းများကို ပြန်ကြည့်ရင်စတင်ထွက်ပေါ်ချိန် ဧပြီလမှ စက်တင်ဘာလယခုအချိန်ထိ ပိသာ ချိန် ၅၈၅၉၀၀၀ အဝင်ရှိနေပြီဆိုတာ တောင်သူလက်ကျန်အနေအထားက နယ်မှာပိသာချိန်သိန်း ၃၀ ပတ်လည်မှာ ကျန်နိုင်တယ်လို့သုံး သပ်ရပါတယ်။ မြို့ပေါ်မှာ ကုန်သည်ပွဲစားလက်ကျန် ပိသာချိန် ၈ သိန်းမှ ၁၀ သိန်းအတွင်း ကျန်ရှိနိုင် တယ်လို့ ကြက်သွန်အသိုင်းအဝန်းကပြော ကြားပါတယ်။ ယခင်နှစ်အလားတူကာလကတောင်သူများဈေးကောင်း မိခဲ့လေတော့ ဒီနှစ်လည်း ယခင်နှစ်နည်းတူ ဈေးကောင်း ရလိမ့်မယ်ဆိုတဲ့ထင်တစ်လုံးနဲ့ကြက်သွန်နီကိုတောင်သူများကိုင်ထားကြတယ်လို့လည်းယူဆပါတယ်ဈေးကွက်ရဲ့ တောင်း ဆိုမှုလိုအပ်ချက်ဆိုတဲ့ အနေအထားကို သေသေချာချာ ဂရုတစိုက် မလေ့လာကြဘဲ ယခင်နှစ်က ဈေးကောင်းရ တယ် ၊ဒီနှစ်လည်း ကောင်းလိမ့်မယ်ဆိုတဲ့ ထင်တစ်လုံးဟာကိုယ့်တောင်သူများ ဈေးကွက်ရဲ့အနေအထားကို နားလည်မှု နည်း တယ်လို့ပြောရမှာပါ။ အခုအနေအထားဟာ ကြက်သွန်နီလှောင်လက်ရဲ့ရာသီ ကလည်း ကုန်ခါနီးပြီလို့ ပြောရတော့ မှာပါ။လှောင်ထားတဲ့ကြက်သွန်နီအနေအထားကအခွံကျွတ်မယ်၊အညှောင့်ထွက်မယ်ဆိုတာတွေကြောင့်အရည်အသွေး ကလည်းကျနေပြီလို့ဆိုရမှာပါ။ အရည်အသွေးကကျဈေးကလည်းမရဆိုတော့အောက်ဆင်းနေတဲ့ ကြက်သွန်နီ လို့ပဲပြော ရ မှာပါ။