Main menu

Background

မန်ကျည်း တန်ချိန်နှစ်ရာကျော် တင်ပို့နိုင်

Tue, 09/30/2014 - 12:47 -- ydnar

 
သီတင်းတစ်ပတ်ဖြစ်တဲ့စက်တင်ဘာ ၇ ရက်မှ ၁၃ရက်သီတင်းပတ်အတွင်းမန်ကျည်း ၂၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို

ကန်ဒေါ်လာ ၁၁၁၆၀ တန်ဖိုးရှိ မန်ကျည်း ၂၄ တန်၊ စင်ကာပူနိုင်ငံကို ကန်ဒေါ်လာ ၁၂၆၅၀ တန်ဖိုးရှိ မန်ကျည်း ၁၁၅ တန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကန်ဒေါ်လာ ၁၃၁၁၀တန်ဖိုးရှိမန်ကျည်း ၆၉ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ သီတင်းသုံးပတ်ဆက်တိုက်အပို့ပျောက်ခဲ့တဲ့ မန်ကျည်း က ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်မန်ကျည်းစုစုပေါင်း ၂၀၈ တန်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ သုံးသောင်းခြောက် ထောင်ကျော်ရှိခဲ့ပါတယ်။