Main menu

Background

မိုးနဲ့အပြိုင်အေးနေတဲ့ ရှမ်းနနွင်းဈေးကွက်

Tue, 09/30/2014 - 12:49 -- ydnar

 
ရှမ်းနနွင်းရဲ့ အရောင်းအဝယ်ကတော့ မိုးနဲ့အပြိုင် ခပ် အေးအေးသာဖြစ်နေပါတယ်။ အရင်တစ်ပတ်က လည်း ပြည် တွင်းဒေသသုံးအမှုန့်ကြိတ်ဖို့အတွက်သာ အဝယ်ရှိနေခဲ့ရာမှ ဒီတစ်ပတ်တော့ ပြည်ပဝယ်လက်က

အနည်းငယ်ပြန်ပြီး ဝယ်လာနေပါတယ်။ အောင်ပန်းနနွင်းကို တစ်ပိဿာ ၁၀၂၀ ကျပ်နဲ့ ပိဿာချိန် နှစ်သောင်း၊ သုံးသောင်းခန့် အရောင်း အဝယ်ဖြစ် ခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ပြည်ပ ဝယ်လက်တွေကကျောက်ဆည်နနွင်း ကိုပိုပြီး စိတ် ဝင်စားေ န ပါ တယ်  အောင်ပန်း နနွင်းကိုတော့ဈေးအမေးသာရှိနေပြီး ၊အခုထိေ တာ့ခပ်များများ မဝယ်ကြသေးပါ ဘူး ။ ခြင်ဆေးခွေ ပြုလုပ်ဖို့ရယ်၊ အမှုန့်ကြိတ် ဖို့ရယ်အတွက်တော့ ဈေးပတ် သမားတွေက ခပ်ကျဲကျဲသာ အဝယ်ရှိနေပါ တယ် ။ အောင်ပန်းဈေး ကွက်မှာ နနွင်းဈေးက အနိမ့်ဆုံး ၈၀၀ ကျပ်မှ ၁၃၀၀ ကျပ်ရှိပြီး ဆင်တောင်နနွင်းက ၁၆၀၀ ကျပ်-၁၇၀၀ ကျပ်ဈေးရှိပါတယ်။ဟိုပုံးနနွင်းကတော့အဝင်ရောအဝယ်ကပါမရှိသေးပါဘူး။ လက်ကျန်ကလည်း ပိဿာချိန် ငါးသိန်း ၊ ခြောက်သိန်းခန့်တော့ ကျန် သေးတယ်လို့ သိရပါတယ်။နနွင်းတစ်ပိဿာ ဈေးက ၁၁၀၀ ကျပ်ဈေးရှိပေမဲ့ အရောင်း အဝယ်ကလည်း သိပ်မဖြစ်ဘူးလို့ ဟိုပုံးနနွင်းပွဲရုံတွေ က သိရပါတယ်။ နမ့်စန် နနွင်းကတော့ ဒေသတွင်း စားဖို့ အတွက် သာ စိုက်ပျိုးပြီး စိုက် ဧကကလည်း ၅၀ ရာခိုင်နှုန်းခန့်သာရှိပြီး အထွက်နှုန်းက တော့ ကောင်းတယ်လို့ ဆိုပါတယ်။ နမ့်စန်နနွင်းက အခြားဒေသတွေက သွားတာနည်းပြီး ဒေသတွင်းမှာသာ အသုံးများပါတယ်။ ဈေးနှုန်းက တော့ ၁၀၀၀ ကျပ် ပတ်လည်သာ ရှိပါ တယ်။