Main menu

Background

လှောင်လက်သမားတွေ လက်မှိုင်ချရတဲ့ ပြည်ကြက်သွန်နီ

Tue, 09/30/2014 - 12:53 -- ydnar

 
ပြည်ဈေးကွက်ကိုကြက်သွန်နီများအဆက်မပြတ်ဝင်ရောက်လာမှုကြောင့် သြဂုတ်လတွင်း အရောင်းအဝယ်အေး

၊ ဈေးေ အးခဲ့ရာမှစက်တင်ဘာလအတွင်းကြက်သွန်နီအဝင်သာရှိပြီးအရောင်းအဝယ်ပျက်တဲ့အခြေအနေထိဖြစ်ကာ ဈးတစ်ဟုန် ထိုး ကျဆင်းလာလို့ကြက်သွန် နီ ပွဲရုံ လှောင်လက်သမားတွေ ညည်းသံတွေ ထွက်ပေါ်လာပါတယ်။ ဒီနှစ် ကြက်သွန်နီ အရောင်းအဝယ်ကတော့ဘယ်နှစ်နဲ့မှမကြုံဘူးပါဘူး ''အေးတာမှ အိပ်နေရတယ်လို့'' ပွဲရုံပိုင်ရှင်တွေ က ပြော ကြပါတယ် ။ ယခုလ ဆိပ်ဖြူဘက်မှ ကြက်သွန်နီများ ဝင်ရောက်လျက်ရှိပါတယ်။ ဈေးက တော့ ကြက်သွန်နီ ကြီး တစ်ပိဿာ ၃၅၀ ကျပ်မှ ၄၀၀ ကျပ်ထိ၊ ကြက်သွန်နီလတ်တစ်ပိသာ၂၅၀ ကျပ်နဲ့ ကြက်သွန်နီသေး တစ်ပိသာကို ၁၅၀ ကျပ်ဈေးသာရှိေ ကြာင်းသိရပါတယ်။ ဒေသတွင်း ဈေးသည်များသာလက်လီရောင်းချရန်ဝယ်ယူမှုသာရှိကြောင်း ၊လမ်း ပန်းဆက်သွယ်မှု၊ဖုန်းဆက်သွယ်မှုတွေကလည်းကောင်းမွန်လာတာကြောင့်ကြက်သွန်နီထွက်ရှိတဲ့ဒေသများမှတိုက် ရိုက် ချိတ်ဆက် ရောင်းဝယ်မှုများကြောင့် ပြည်ဈေးကွက်မှ တခြားမြို့များသို့တစ်ဆင့်ခံ မရှိတော့ဘဲ၊တိုက်ရိုက်မှာယူ အေ ရာင်းအဝယ်ပြုလုပ်နေကြောင်း သိရပါတယ်။ ယခင်နှစ် စက်တင်ဘာလက ကြက်သွန်နီလတ်တစ်ပိသာ၇၅၀ ကျပ် ဈေး ရှိပြီး ယခုနှစ် စက်တင်ဘာလ ကြက်သွန်နီလတ် တစ် ပိဿသာဈး ၂၅၀ ကျပ်ဈေးသာ ရှိတာကြောင့် လှောင်လက် သမားေ တွ လက်မှိုင်ချရတဲ့ နှစ်ဖြစ်တယ်လု့ိ ဆိုပါတယ်။