နိုင်ငံစုံမှ မြေသြဇာများဝင်
ကန်ဒေါ်လာ၂၅၆၀၇၄၃တန်ဖိုးရှိမြေသြဇာ၈၄၄၁ဒသမ ၆၄ တန်ကိုပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်းမှာ
တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှမြေသြဇာ ၁၅၉၆ တန်၊ အိန္ဒိယနိုင်ငံမှမြေသြဇာ ၄၄တန်၊ထိုင်း နိုင်ငံမှမြေသြဇာတန်ချိန် ၂၃၂၅ ဒသမ ၆၄တန်၊ တရုတ်နိုင်ငံမှ မြေသြဇာ၂၅၆၅ တန်၊ဗီယက်နမ်နိုင်ငံမှမြေသြဇာ ၃၁၅ တန်နဲ့ချီလီနိုင်ငံမှ မြေသြ ဇာ၁၂၉၆တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဝင်လာ ခဲ့တဲ့မြေသြဇာ အမျိုးအစားများမှာကွန်ပေါင်း၊ အာမို၊ ယူရီးယား၊ပိုတက်ဆီယမ်နိုက်တြိတ်၊ သြဂဲနစ် အစရှိတဲ့မြေသြဇာ များတင်သွင်းခဲ့တယ်လို့သိရပါတယ်။ယခင်သီတင်းပတ်မြေသြဇာအဝင်မှာတန်ချိန်ခုနစ်ထောင့်ငါးရာကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ရှစ်ရာကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။
