ဈေးကွက်အတွင်းလှုပ်ရှားမှုမရှိ ငြိမ်နေဆဲဓာတ်မြေသြဇာ
၂၀၁၄ စက်တင်ဘာလ ၇ ရက် မှစက်တင်ဘာလ ၁၃ ရက်အတွင်း ပြည်တွင်း ကို ရေလမ်း မှမြေသြဇာ တန်ချိန် ရှစ်ထောင့်လေးရာကျော်အဝင်ရှိခဲ့တာ ကြောင့် ယခင်တစ်ပတ်အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ရှစ်ရာကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်
။ယခုတစ်ပတ်နယ်စပ်လမ်းမှမြေသြဇာအဝင်မှာတန်ချိန် နှစ်သောင်း သုံးထောင်ခြောက် ရာကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်နဲ့ ယှဉ်ရင် တန်ချိန်လေးရာကျော်အဝင် လျော့ခဲ့ပါတယ်။ ဒါကြောင့်ဒီတစ်ပတ်ေ ရကြောင်းလမ်းမှ မြေသြဇာအဝင်ပိုခဲ့သလို နယ်စပ်လမ်းမှလည်း မြေသြဇာအဝင်ပိုခဲ့တယ်လို့သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်းအဝယ်အေးနေပြီး ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ဈေးမြင့်တာကသုံးရာကျပ်ဝန်းကျင်သာဈေးမြင့်လာတယ်လို့သိရပါတယ်။ဒီတစ်ပတ် ဈး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးနှုန်း တွေမှာ ပုလဲ-အသေး ၄၆ရာခိုင်နှုန်း(ရွှေတုံး ၊ ရွှေပျား ၊ရွှေတောင်-တရုတ်) ၁၉၅၀၀ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၃၈၀၀ကျပ်၊ ကွန်ပေါင်း (ပန်း ရောင်)(ထိုင်း)၂၇၈၀၀ ကျပ်၊ကွန်ပေါင်း ၁၆း၁၆း၈(မြင်းပျံ-ထိုင်း)၂၇၅၀၀ ကျပ်၊တီစူပါ ၄၆ရာခိုင်နှုန်း(သံကွင်း-တရုတ်) ၁၉၈၀၀ ကျပ်၊ တီစူပါ၁၆ရာခိုင်နှုန်း(မြား ကမ္ဘာ- တရုတ်) ၁၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။ တောင်ကြီးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာအရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးငြိမ်နေတယ်လို့ သိရပါ တယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၂၀၀ ကျပ်၊ တီစူပါ ၁၂ရာခိုင်နှုန်း (တရုတ်) ၁၀၅၀၀ ကျပ်၊ တီစူပါ ၁၆ရာခိုင်နှုန်း(တရုတ်) ၁၀၈၀၀ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၅၀၀ ကျပ်၊ တီစူပါ (၁၀း၁၀း၅-တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက် (တရုတ်) ၂၄၅၀၀ကျပ်၊ယူရီးယား(ယူအေအီး)၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၅၀၀၀ ကျပ်ဈေးရှိတယ်လို့ အရှေ့မြို့ပတ်လမ်းမှာရှိ တဲ့မြေသြဇာအရောင်းဆိုင် မှ စုံစမ်းသိရှိရပါတယ်။ မကွေးမြေသြဇာဈေးကွက်မှာ ဒီတစ်ပတ်မှ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ ဈေးများကငြိမ်နေကာအာမို ၁၅ ပတ်လည် သာနှစ်ရာဝန်းကျင် ဈေးကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက် အတွင်းအရောင်းအဝယ်ဖြစ်နေ တဲ့ဈေးမှာ မြားကမ္ဘာ(အပြာ၊အစိမ်း) ၁၄၂၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၃၈၀၀ ကျပ်၊အာမို(၁၀း၁၀း၅)၁၅၂၀၀ အာမို၁၅ ပတ်လည် ၃၄၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၂၅၀၀ ကျပ်၊ ယူရီယား-ပုလဲ (ပန်းဖူး-တရုတ်)၂၀၃၀၀ ကျပ်၊ ယူရီးယား- ပုလဲ (ရွှေ တောင်-တရုတ်)၁၈၆၀၀ ကျပ်၊ တီစူပါ ၁၈၄၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၂၀၀ ကျပ်၊ ပိုတက် ၂၃၅၀၀ကျပ်၊ တောင် သူမ ၁၃၅၀၀ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာကပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ဆိုပါတယ်။ ဒီတစ်ပတ် မှာ ရွှေတောင်နဲ့တီစူပါမြေသြဇာဈေးများကယခင်ဈေးနဲ့ ယှဉ်ရင်ဈေးနည်းနည်းကျလာပြီး ပိုတက်၊ ကွန်ပေါင်းမြေသြဇာ များမှာ ယခင်ဈေးထက်အနည်းငယ်မြင့်လာပြီး အာမိုနဲ့ ဓာတ်ဆားက ယခင် ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ရွှေတောင်(တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း) ၁၈၇၀၀ကျပ်၊ ကွန်ပေါင်း(သီးစုံ) ၁၄၀၀၀ ကျပ်၊ အာမို(၁၆း၁၆း၈) ၃၃၅၀၀ ကျပ်၊အာမို (၁၆း၈း၈)၂၄၀၀၀ကျပ်၊ အာမိုဓာတ်ဆား ၁၁၀၀၀ ကျပ်၊ ပိုတက် ၂၁၈၀၀ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ်လို့ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း ဆိုင်မှတာဝန်ရှိသူတစ်ဦးထံ မှ စုံစမ်းသိရှိရပါတယ်။
