နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပို
စက်တင်ဘာ ၇ ရက်မှ ၁၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ခုနစ်သိန်းကျော်တန်ဖိုးရှိ နို့ဆီ ၅၂၈ ဒသမ ၈၁၈ တန်ကိုပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ်မှာအိုကေနို့ဆီ၂၄၈ဒသမ ၄၀တန်၊ ဒွန်းနို့ ဆီ ၂၅၂ ဒသမ ၅၄ တန်နဲ့ အခြား နို့ဆီ ၂၇ ဒသမ ၈၇၈ တန်တင် သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ်နဲ့ ဒီတစ် ပတ်မှာ နို့ဆီများဆက်တိုက်ဝင်အား ကောင်းနေတယ်လို့ သိရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ နယ်သာလန်၊ ဂျာမနီနဲ့ သြစတြေးလျနိုင်ငံတို့မှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် အဝင်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာလေးဆယ်ကျော် ပိုမိုတင်သွင်း ခဲ့ တယ်လို့ သိရပါတယ်။
