Main menu

Background

ဖျာပုံပေါ်ဆန်းမွှေးတက်ဈေးဖြင့်ငြိမ်နေပြီး ဧည့်မထဆန်များ ဈေးကျနေ

Tue, 09/30/2014 - 14:54 -- ydnar

 
ဖျာပုံခရိုင်မှာ ယမန်နှစ် မိုးနွေစပါးစိုက်ဧက ၁၁ ဒသမ ၉၆ သိန်းဧကစိုက်ပျိုးခဲ့ပြီး၊ မိုးစပါးအထွက်နှုန်း၄၈ဒသမ၆၂တင်း၊ နွေ စပါး ၈၁ ဒသမ ၀၇ တင်း နှုန်းထွက်ရှိရာ နွေစပါးတင်းပေါင်း ၇၀၁ ဒသမ ၉၅ သိန်းကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ မိုးစပါးစိုက်ပျိုး ရာသီချိန်မှာ ရေကြီး နစ်မြှုပ်မှုရှိခဲ့သော်လည်း အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက်

ပျက်စီး ဆုံးရှုံးမှုအနေနဲ့ ကြီးမားမှုမရှိဘဲ မိုးနွေ စပါးရိတ်သိမ်းချိန်ကာလမှာလည်း ရာသီဥတုကောင်းမွန်ခဲ့တာကြောင့် စပါး အထွက်ကောင်းပြီးစပါးအရည်အသွေးပိုင်းမှာလည်း ကောင်းမွန်လို့စပါးဈေးကောင်းရရှိခဲ့ကြတယ်လို့ တောင်သူများကဆို ပါတယ်။ ဖျာပုံခရိုင်အနေဖြင့် နှစ်စဉ်ထွက်ရှိသည့် ဆန်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိပြီး မြိတ်၊ ပခုက္ကူနဲ့ အခြားဆန်လိုဒေသများသို့ တင်ပို့လျက်ရှိပါတယ်။ ဆန်စီးဆင်းမှုနဲ့ တင်ပို့မှုများကို ယမန်နှစ် ကာလတူ နှိုင်းယှဉ်ကြည့်ရာ ဆန် ပိုမိုတင်ပို့နေရပြီး ဆန်စပါးလက်ကျန်မှာ စက်တင်ဘာလ ၁၉ ရက်နေ့ထိတောင်သူ၊ ကုန်သည်၊ စက်ပိုင်လက်ဝယ် တို့တွင် စပါးတင်း ၂၂၇ဒသမ ၆၀သိန်းကျော်၊ဆန်တန် ၄၅၀၀အိတ်ကျန်ရှိနေတာကြောင့်ဖျာပုံခရိုင်အနေဖြင့်ဆန်စပါးပြတ် လပ်မှုမ ရှိနိုင်ကြောင်း နှစ်စဉ်ကွက်ကောက် စာရင်းများအရ သိရပါတယ်။ စက်တင်ဘာလ ၂၄ရက်နေ့ထိ ဖျာပုံပေါ်ဆန်းစပါး တစ်တင်းကို ၇၅၁၉ ကျပ်ဈေးပေါက်ခဲ့ပြီး ယခင်နေ့များထက် ၈၉ ကျပ်ေ ဈးတက်ခဲ့တယ်လို့ သိရပါတယ်။ ယခုလိုဈေးတက်လာရခြင်းမှာ စပါးသစ်မပေါ်မီလက်ကျန်စပါးများနည်းလာကာ တောင် သူ၊ ကုန်သည်၊စက်ပိုင်များတွင် အရည်အသွေးကောင်း စပါးများ လက်ဝယ်မှာရှိနေတာကြောင့် လှောင်လက်အရောင်းအ ဝယ် သဘောအရ ဈေးခေါ်ဆိုမှုများရှိနေပြီး နှစ်စဉ်ပုံမှန်ဈေးမြင့် တက်နေခြင်းသာဖြစ်တယ်လို့ ဆန်စပါးရောင်း ဝယ်သူများ ထံမှ လေ့လာသိရှိရပါတယ်။ ကျိုက်လတ် ဧည့်မထ နွေစပါးတစ်တင်းကို ၃၅၈၈ ကျပ်ရှိပြီး ယမန်နေ့များထက် ၉၂ ကျပ်ကျ ဆင်းမှုရှိနေပါတယ်။ ဧည့်မထဆန် ဈေးအနေနဲ့တစ်အိတ်ကို ၁၆၃၀၀ ကျပ် ရှိခဲ့ရာမှ ၂၀၀ ကျပ် ကျဆင်းခဲ့တယ်လို့ သိရပါ တယ်။ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ၃၀၀၀၀ ကျပ် ရှိခဲ့ရာမှ ၃၁၀၀၀ ကျပ်ထိ  ဈေးမြင့်တက်ခဲ့ပြီး တက်ဈေးဖြင့်သာေ ဈးငြိမ် လျက်ရှိကြောင်း ဆန်ဈေးကွက် မှ သိရပါတယ်။