Main menu

Background

သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်အသုံးပြုရန် ဖောက်လုပ်ထားသောလမ်းကြောင်းမှတရားမဝင်ကုန်သွယ်မှု

Tue, 09/30/2014 - 15:04 -- ydnar

 
တာချီလိတ်တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့အနေနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများနဲ့ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများရရှိရေး အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။

တာချီလိတ်မြို့နယ်အတွင်းရှိအချို့ သောစီးပွားရေးသမားများဟာ ဝိသမ လောဘနဲ့ နိုင်ငံတော်ကို ပေးသွင်းရမဲ့ အခွန်အခများကို ပေးသွင်းဆောင်ရွက် လိုခြင်းမရှိဘဲ တရားဝင်လမ်းကြောင်းမှ ဆောင်ရွက်နေသော စီးပွားရေးသမား များနဲ့မျှတသော စီးပွားရေးယှဉ်ပြိုင်မှု မပြုလိုခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများဆုံးရှုံးနစ်နာေ စခြင်း၊ အစားအသောက်နဲ့ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံထားခြင်းမဟုတ်သောအစားအသောက်များအား တင်သွင်းခြင်းဖြင့်စားသုံးသူအကာ ကွယ်ပေးရေးလုပ်ငန်းများကို ထိခိုက်စေခြင်းတို့ဖြစ်ပေါ်စေလျက်ရှိပါတယ်။ ဝိသမလောဘသားများဟာ  သတ္တုတူးဖေါ်ရေးလုပ်ငန်းဆောင်ရွက် အသုံးပြုရန်ဖေါက်လုပ်ထားသော လွယ် စတုံ- မိုင်းခုတ်-မိုင်းဖြတ်လမ်းကြောင်းမှဌာနဆိုင်ရာဆောက်လုပ်ရေး၊ AK ဖူကုမ္ပဏီတံဆိပ်များ တပ်ဆင်လျက် တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း တာဝန် ရှိပြည်သူများထံက သတင်းရရှိပါ တယ်။ တရားဝင် လမ်းကြောင်းမှ ကုန်သွယ်မှုဆောင်ရွက်နေသော စီးပွားရေးသမားများအနေနဲ့ Fair Play Ground  ဖြစ်စေ ရန်အတွက်လွယ် စတုံ-မိုင်းခုတ်-မိုင်းဖြတ်သတ္တုတူးဖော်ရေးလမ်းကြောင်း အသုံးပြုပြီး တရားမဝင်ကုန်သွယ်နေမှုများ အား သက်ဆိုင်ရာဒေသ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများဝိုင်းဝန်းဖော်ထုတ် စိစစ်ကြပ်မတ်ပေးစေလိုကြောင်း အပြု သဘောနဲ့ အသိပေးလိုက်ပါရစေ။