ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား တတိယအဆင့် အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် နိုင်ငံတကာ လုပ် ထုံးလုပ်နည်းများနှင့်အညီ ရင်ဘောင်တန်းမြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက်ဖွဲ့စည်း တာဝန်ပေးအပ်ထား သည့် ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများမြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့နှင့် အစိုးရဌာနဆိုင်ရာ Working Group
အဖွဲ့ဝင်များ၊ပုဂ္ဂလိကပိုင်းဆိုင်ရာ Working Group အဖွဲ့ဝင်များ၏ Private Public Dialogue တွေ့ဆုံ ဆွေးနွေးပွဲ များကျင်းပပြုလုပ်နိုင်ရန် အတွက်စတင်ထိတွေ့ခြင်းအခမ်းအနားအား စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁၃ း၀၀ နာရီ အချိန်တွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အထူးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာေ မာင်မောင်သိမ်း၊ အထူးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးေ ဒါက်တာပွင့်ဆန်း၊ အထူးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာ တင်ရွှေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးသန်းမြင့်၊ နိုင်ငံတော် သမ္မတ၏အကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးဝင်းအောင်၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍပိုင်းတို့မှ Working Group အဖွဲ့ဝင် များနှင့် ပြည်ပ အဖွဲ့အစည်းများမှကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင်အထူးလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါက်တာမောင်မောင်သိမ်းကအဖွင့်အမှာစကား ပြောကြား ပြီး အထူးလုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ဆွေးနွေးပြောကြားကြသည်။ ထို့နောက် ပုဂ္ဂလိက ကဏ္ဍမှ Myanmar Business Forum အတွက် ဖွဲ့စည်းထားသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း Working Group က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်လိုင်စင် ရယူလျှောက်ထား သည့်ကိစ္စများ၊ မြေငှားရမ်းဆောင်ရွက်ခြင်းကိစ္စများ၊ တည်းခိုခန်းနှင့် နိုင်ငံခြားသားဧည့်သည် လက်ခံနိုင်ခွင့်ဆိုင်ရာ ကိစ္စများ၊ ဟိုတယ်များ၏ ကြယ်အဆင့်သတ်မှတ်ချက်၊ ခရီးသွားလမ်းညွှန် လိုင်စင်၊ ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးသည့် စနစ် စသည့်ကိစ္စများနှင့် ပတ်သက်၍အခက်အခဲများဖြစ်ပေါ်နေသည့် အချက်များအား ဆွေးနွေးတင်ပြကြသည့် အပေါ် အထူးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍ Working Group အဖွဲ့ဝင်များ သည် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြကြောင်းသတင်းရရှိပါသည်။
ယနေ့တွေ့ဆုံဆွေးနွေး ရရှိချက်များကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့ဆပ်ကော်မတီ (Delivery Units)များက ဆက်လက်ရှင်းလင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပေးပို့သွားမည်ဖြစ်ပြီးပြန်လည် ပေးပို့ညှိနှိုင်းရရှိချက်များကို အထူးလုပ်ငန်းအဖွဲ့မှ Private Public Dialogueတွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ သို့ တင်ပြညှိနှိုင်းခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
