ဆန်ချောတွေ ဈေးအမြင့်မှာဆက်တန်းနေနိုင်သော်လည်း ဆန်ကြမ်းဆွဲအားကျနေလို့ ဆန်ကြမ်းဈေးကွက်အားပျော့လျက်ရှိ
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှာ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ လ ၂၆ရက်နေ့လက်ကားဆန်ဈေးအရ ဖျာပုံ ပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၃၀၀၀ ကျပ်၊ ထိပ်စ တစ်အိတ်ကို ၃၅၀၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်းလတ်စ တစ်အိတ်ကို ၃၂၀၀၀ ကျပ်၊ ထိပ်စ တစ်အိတ်ကို ၃၄၀၀၀ ကျပ်၊
ပေါ်ကျွဲ လတ်စ တစ်အိတ် ၂၅၅၀၀ ကျပ်၊ ထိပ်စ တစ်အိတ်၂၆၅၀၀ကျပ်၊ရွှေဘိုပေါ်ဆန်း တစ်အိတ် ၄၃၀၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်ထိ အသီးသီးဖြစ်ခဲ့သဖြင့် ယခင် အပတ်ထက် ဆန်ချောတစ်အိတ်ကို ၅၀၀ ကျပ် မှ၂၀၀၀ ကျပ် အတွင်း ဈေး တက်ခဲ့တာတွေ့ရပါတယ်။ ဆန်ချော အဝင်ကပုံမှန်အဝင်ထက် အနည်းငယ်လျော့ခဲ့သော်လည်းမြို့တွင်းလက် လီဆိုင်သမားနဲ့နယ်အဝယ်က ပုံမှန်ရှိနေေ တာ့ ဈေးဆက်တက် လာရ တာဖြစ်ကြောင်း၊သို့သော်ဧည့်မထလတ်စတစ်အိတ် ၁၇၅၀၀ ကျပ်၊ ထိပ်စတစ်အိတ် ၁၈၂၀၀ ကျပ်၊ မိုးသုခတစ်အိတ် ၁၈၅၀၀ ကျပ်၊ ဆင်းသွယ်လတ် တစ်အိတ် ၂၀၀၀၀ ကျပ်၊ နွေဆန်တစ် အိတ် ၁၅၈၀၀ ကျပ် မှ ၁၆၈၀၀ ကျပ်အသီး သီးဖြစ်ခဲ့ကြလို့ ယခင်အပတ်ထက် တစ်အိတ်၂၀၀ ကျပ် မှ ၈၀၀ ကျပ် အတွင်း ဈေးဆက်ကျလာတာတွေ့ရပါတယ်။ ဆန်ကြမ်းပုံမှန်ဝင်နေသော်လည်း တရုတ်လိုင်း အတွက် အဝယ်ပါးေ နခြင်း ၊ရန်ကုန် ၤFOBသင်္ဘော တင်ရန်ရှိသော် လည်း ထိန်းဝယ်နေခြင်း ၊ ကောက်စောဆန်ကြမ်းသစ် အချို့ ဈေးကွက် စမ်းနေပြီဖြစ်ပြီး မကြာမီဝင်ရောက်တော့ မည်ဖြစ်ခြင်း များကြောင့်ဆန်ကြမ်းတွေဈေးဆက် ကျလာရ တာဖြစ်ေ ကြာင်းကုန်စည်ဒိုင်ဈေးကွက်မှကြားသိရပါ တယ်။ ရန်ကုန်ဈေးကွက်အတွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၄၈၀၀ ကျပ်-၁၅၀၀၀ ကျပ်ခန့် ရှိနေပြီး ယခင်အပတ် ထက် တစ်အိတ်ကို ၃၀၀ ကျပ်ခန့် ဈေး ဆက်ကျလာကြောင်း၊ ရန်ကုန် FOB ဆန် အချို့ရောင်း ထားသော်လည်းတရုတ်လိုင်းအဆွဲနဲ့ ဈေးနှုန်းအခြေအနေ၊သင်္ဘောတင်ကာလအရဈေး စောင့်ဝယ်နေကြေ ကြာင်း သိရပါတယ်။ တရုတ်လိုင်းမူဆယ်မှာ ယခု တစ်ပတ်အတွင်း ဆန်အရောင်းအဝယ် မဖြစ်ဘဲ ကုန်စည်ဒိုင်ဆန်ဈေးနှုန်းလည်း မ ထွက် ကြောင်း၊ တရုတ်မှာ စပါးသစ် ပေါ်နေချိန်ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီဘက်မှာ တရားမဝင်ဆန်ရောင်းဝယ်သူ ကုန်သည်နှင့်ပစ္စည်းကိုပါဖမ်းဆီးခဲ့သဖြင့်တရုတ်ကုန်သည်များမူဆယ်သို့အလာကျဲပါးသွားပြီးမူဆယ်မှာယခု တစ်ပတ် အတွင်း ဆန်အရောင်းအဝယ် မဖြစ်တော့ကြောင်း၊ယခုတစ်ပတ်အတွင်း မူဆယ်သို့ ပြည်တွင်းနယ်စုံမှ ဆန်တန် ချိန် ၉၉၀၀ ခန်သာ ဝင်ရောက်ခဲ့ပြီးယခင် အပတ်ထက်တန်ချိန် ၁၀၀၀၀ ကျော် ခန့် လျော့နည်းဝင်ရောက်ခဲ့ကြောင်း၊ ရန်ကုန် - မူဆယ်ဆန်တင်ဆောင်ခမှာ စက်တင်ဘာ လ ၂၆ရက်နေ့ ဈေးကတစ်တန် ကို ၇၁၀၀၀ ကျပ်ဖြစ်ခဲ့သဖြင့် ယခင်အပတ်ထက် တစ်တန်ကို ၈၀၀၀ ကျပ် ထိ ဈေးပြန်ကျသွား ကြောင်း၊ စက်တင် ဘာလ ၂၆ ရက်နေ့ မူဆယ် ရှိငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၆၂ ဒသမ ၆၀ ကျပ် ဖြစ်ခဲ့လို့ ယခင်အပတ်ထက် ၁ ဒသမ ၉၆ ကျပ်ဈေး ဆက် တက်ခဲ့ကြောင်းမူဆယ်ဆန်ဈေးကွက်ရှေ့အလားအလာမှာတရုတ်တွင်စပါးပေါ်နေဆဲမို့ လက်ရှိအခြေ အနေ အတိုင်း သာ ဆက်သွားနိုင်သေးတယ်လို့ ကြားသိရပါတယ်။ မြန်မာ့ဆန်နဲ့ဆန်ကွဲပြည်ပတင်ပို့မှု မှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့ မှ စက်တင်ဘာလ ၁၉ ရက်နေ့ထိ တန်ချိန် ၆၉၄၀၀၀ခန့်ရှိပြီး၊တန်ဖိုးအမေရိကန် ဒေါ်လာ၂၅၆သန်းခန့်ရရှိနေကာယခင် ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၂၈၃၀၀၀ ကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၈၈ သန်းကျော်ခန့် ပိုမိုတင်ပို့ ထားနိုင်တာတွေ့ရပါတယ်။ ဆန်ဈေးကွက်ရှေ့အလားအလာအနေဖြင့် ပြည်တွင်းအဓိကဈေးကွက်ရှိပြီးသားဆန်ချော တွေကလက်ရှိဈေးအမြင့်မှာ ဆက်တန်းနေနိုင်သော်လည်းဆန်ကြမ်းကအသစ်ပေါ်လာမှာရယ်၊လက်ကျန်တွေလည်းရှိနေသေးချိန်မှာလက်ရှိဆန် ကြမ်းဆွဲအားက ကျနေလို့ ဆန်ကြမ်းဈေး ကွက်အားပျော့လျက် ရှိနေကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။
