မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော် ဆန်တင်ပို့မှု တားမြစ်ထားခြင်းကို တရုတ်နိုင်ငံမှ ပြန်လည်စဉ်းစားနေ
မြန်မာတရုတ်နယ်စပ်ရှိမူဆယ်မှတရုတ်နိုင်ငံသို့နယ်စပ်ဖြတ်ကျော်ဆန်တင်ပို့မှုအားရပ်တန့်ထားခြင်းအပေါ်ဖြေလျော့ ရန်အတွက်ပြန်လည်စဉ်းစားနေပြီလို့ ဒေသခံများထံကသိရှိရပါတယ်။ ပုံမှန်အားဖြင့်တရုတ်ကုန်သည်များက မူဆယ် နယ်စပ်မှဆန်ဝယ်ယူပြီးတရုတ်နိုင်ငံသို့သယ်ယူတင်ပို့ကြတာ ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်အာဏာပိုင်များက ပြည်ပ မှဆန်တင်သွင်းမှုများကို စဉ်ဆက်မပြတ် ကြပ်မတ်စောင့်ကြည့်ပြီး ဆန်ဝယ်လက်များကို
ဖမ်းဆီးလိုက်ပြီးနောက်မူဆယ်ကုန်စည်ဒိုင်မှဆန်ဝယ်ယူတင်သွင်းခြင်းကိုတားဆီးလိုက်ပါတယ်။ တရုတ်သို့ရောင်းချ တဲ့ဆန်အများစုမှာမန္တလေးမှတစ်ဆင့်မန္တလေးမူဆယ်အဝေးပြေးလမ်းအတိုင်း မူဆယ်သို့သယ်ယူရောင်း ချနေတာဖြစ် ပါတယ်။ ယခုအခါ တရုတ်အစိုးရမှ မြန်မာ့ဆန်ဝယ်ယူခြင်းကို ပိတ်ပင်လိုက်တဲ့အတွက် မန္တလေးမှ မူဆယ်သို့ ဆန်တင်ပို့မှုများလည်း ရပ်ဆိုင်းသွားပါတယ်။ တရုတ်ဘက်မှ ကြပ်မတ်စစ်ဆေး စောင့်ကြပ်နေမှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့နေ့စဉ် ဆန်ကားဝင်ရောက်မှုဟာ ဆယ်ဂဏန်းမျှသာရှိတော့ပြီး ယခင်လများ မှာမူ ကား စီးရေ ဝင်ရောက်မှုမှာ ရာဂဏန်းနီးပါးရှိခဲ့တာဖြစ်ပါတယ်။ ဒေသခံတရုတ်ကုန်သည်များရဲ့ ပြောကြားချက်အရ ၎င်း တို့တရုတ်အစိုးရဒေသအာဏာပိုင်များဟာနယ်စပ်ဖြတ်ကျော်ဆန်တင်သွင်းခြင်းကိုအထူးသတိထားကြောင်းနဲ့ သေေ သချာချာစစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စပါးရိတ်သိမ်းချိန်မျိုး မှာ ယခုလိုပဲ နယ်စပ်က ဆန်တင်ပို့မှုတွေကို ကြပ်မတ်မှုတွေ ယေဘုယျအားဖြင့်လုပ်လေ့လုပ်ထရှိတယ်လို့မြန်မာကုန်သည်တချို့ က ပြောကြ ပါတယ်။နယ်စပ်ဖြတ်ကျော်တင်သွင်းလာတဲ့ ဆန်များကို တရုတ်ဒေသအာဏာပိုင်တွေကမှောင်ခိုတင် သွင်း တယ်လို့ ပဲ မှတ်ယူပြီးတရုတ်နဲ့မြန်မာအကြားမှာတရားဝင်ဆန်တင်ပို့ရန်သဘောတူညီထားတာမရှိဘူးလို့ ဆိုပါတယ်။ ကာလ အတန်ကြာကပင်တရုတ်က မြန်မာနိုင်ငံမှ တရားမဝင်တင်ပို့နေတဲ့ ဆန်များဟာတရုတ်နိုင်ငံ အရည်အသွေး စစ်ဆေး ထိန်းချုပ်ရေး AQSIQ (Administration of Quality Supervisitor, Inspection & Quarantine) က သတ်မှတ် ထားတဲ့ အရည်အသွေးများနဲ့ကိုက်ညီခြင်းမရှိဘူးလို့ ထောက်ပြပါတယ်။ လတ်တလောမှာတရုတ်အစိုးရဟာ ဆန်နဲ့ပ တ်သက်ပြီးPhytosanitoryစံသတ်မှတ်ချက်ဆိုင်ရာသဘောတူညီမှုကိုတောင်းဆိုထားပါတယ်။မြန်မာနိုင်ငံစီးပွားေ ရးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကတရုတ်နိုင်ငံAQSIQ မှ သတ်မှတ်ချက် များနဲ့အညီ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေး၊ လယ်ယာထွက်ကုန် ပစ္စည်းများအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ၊ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ရဲ့စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေအတွက် ကန့်သတ်ချက်များကို စဉ်းစားပေးရန် သြဂုတ်လ ဆန်းပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံစီးပွားရေး သံမှူးနဲ့ တွေ့ဆုံဆွးနွေးထားပြီးဖြစ်ပါတယ်။ စီးပွားရေးသံမှူး က လည်းဆန်နဲ့ပြောင်းအပါအဝင် မြန်မာ့လယ်ယာထွက်ပို့ကုန်သီးနှံများအဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးနဲ့ တရုတ်နို င်ငံAQSIQ ဌာနမှ တာဝန်ရှိသူများအမြန်ဆုံး လာရောက်ညှိနှိုင်းနိုင်ရေး စီစဉ်ပေးမည်ဖြစ်ေ ကြာင်း ပြောကြားခဲ့ပါ တယ်။ မြန်မာနိုင်ငံမှ ယခုအချိန် တရုတ်သို့ ဆန် တင်ပို့မှုဟာ ၂၀၁၁ ခုနှစ်ကစပြီး ယခုချိန်ထိ တင်ပို့မှုက ၁၂၅ ဆ မြင့်တက်လာပြီး နယ်စပ်မှ အများဆုံး တင်ပို့နေ တာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ယခုနှစ် ဇွန်လကထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရှိရပါတယ်။ ၂၀၁၃ ခုနှစ် တစ်နှစ် တည်းမှာ ဆန်တန်ချိန် ၇၄၇၀၀၀ တန် မူဆယ် နယ်စပ်ဘက်မှတစ်ဆင့် တရုတ်နိုင်ငံသတင်ပို့ခဲ့တယ်လို့ သိရ ပါတယ်။
