ကမ္ဘောဒီးယားနဲ့မြန်မာမှ အီးယူသို့ ဆန်တင်ပို့မှုနှစ်စဉ်တိုးတက်လျက်ရှိ
ဥရောပသမဂ္ဂ(အီးယူ)ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries -LDCs) ဖြစ်တဲ့ ကမ္ဘောဒီးယား နဲ့ မြန်မာနိုင်ငံတို့နဲ့ လက်နက်မှအပ ကျန်ပစ္စည်းများလွတ်လပ်စွာ တင်သွင်းရန် သဘောတူညီချက်အရ LDCs နိုင်ငံများမှ ၂၀၁၄ ခုနှစ်အတွင်းမှာဥရောပသမဂ္ဂနိုင်ငံများမှဆန်တန်ချိန် ၂၈၀၀၀၀ တန် ဝယ်ယူခဲ့ပြီး ယမန်နှစ်ကထက် ၄၇ ရာခိုင်နှုန်း
ပိုမိုခဲ့တယ်လို့ Oryza.com သတင်းမှာဖတ်ရှုလိုက်ရပါတယ်။ ၂၀၁၄ ခုနှစ်စက်တင်ဘာလမှာဆန်တန်ချိန် ၁၉၀၀၀၀ တင် သွင်းမှုရှိခဲ့ပြီးအီတလီနိုင်ငံက ဝယ်ယူတင်သွင်းမှုပမာဏမှာ၁၁၇၁၂ တန်ရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂများသည် LDCs နိုင်ငံ များမှ ဆန်တင်သွင်းရာမှာ အခွန်ကင်းလွတ်ခွင့် (duty free)နဲ့ တင်သွင်းခွင့်ပေးထားတာဖြစ်ပါတယ်။
