Main menu

Background

အရောင်းအဝယ်အေးသော်လည်း ဈေးအနည်းငယ်တက်လာတဲ့ ပြည်ကြက်သွန်နီ

Wed, 10/15/2014 - 14:18 -- ydnar

ပြည်ပွဲရုံဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ကြက်သွန်နီကတော့ နယ်စုံဘက်မှ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကြက်သွန်နီဈေးဟာအရောင်းအဝယ်မရှိ ဈေးတွေကျလို့ပွဲရုံလှောင်လက်တွေ အော်နေတဲ့လ ဖြစ်ခဲ့ ရပါတယ်။ ယခုအောက်တိုဘာလဆန်းတာနဲ့ အခြေအနေကောင်းလာတယ်လို့ ဆိုရပါတယ်။ ကြက်သွန်နီအကြီး တစ် ပိသာဈေး ၅၅၀ ကျပ်၊ အလတ် ၄၀၀ ကျပ်-၄၅၀ ကျပ်နဲ့ အသေးတစ်ပိသာ၂၅၀ကျပ်ထိ ဈေးထောင်လာကြောင်းသိရပါ

တယ်။အရောင်းအဝယ်ကတော့အေးတယ်ဆိုပေမဲ့ ဒေသတွင်းလက်လီ၊လက်ကားသမားများဆွဲလို့အရောင်းအဝယ်ဖြစ်ေ ကြာင်းလည်း သိရပါတယ်။ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ အောင်လံစတဲ့ နယ်စုံမှ ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ယခုရက်ပိုင်းအတွင်းကြက်သွန်နီဝင်ရောက်မှုနည်းလို့လည်း ဈေးအနည်းငယ်တက်လာကြောင်းပွဲရုံပိုင်ရှင်တစ်ဦးက ပြော ပါတယ်။ ကြက်သွန်နီက အညှောင့်ထွက်ချိန်လည်းဖြစ်တာကြောင့် မနှစ်ကဈေးလို အလတ်စတစ်ပိသာ ၇၀၀ကျပ်- ၇၅၀ ကျပ် အထိတော့တက်နိုင်ဖွယ်မရှိလို့လည်း ပြောပါတယ်။ တိုင်းကျော် အရောင်းအဝယ်လည်းမရှိ၊ ဝင်ရောက်မှုသာရှိပြီး အထွက်လုံးဝမရှိကြောင်းလည်း သိရပါတယ်။