Main menu

Background

ရှမ်းချင်းဈေးကောင်းရလို့ တောင်သူတို့ငွေလိုသလောက်သာရောင်း

Wed, 10/15/2014 - 14:24 -- ydnar

ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုက ပုံမှန်အဝင်ရှိနေပါတယ်။ အရင်ကလိုမျိုးအလွန်အကျွံဝင်လာတာမျိုးလည်း မ ရှိသေးပါဘူး။ အရင်နှစ်တွေကတော့ သီတင်းကျွတ်နားနီးရင်ငွေလိုတဲ့တောင်သူတွေက ထုတ်ရောင်းကြလို့အများအပြား ဝင်ပေမဲ့၊ဒီနှစ်တော့ချင်းဈေးကကောင်းနေလို့ငွေလိုလို့လာရောင်းရင်တောင် သိပ်များများရောင်းစရာမလိုဘဲ ခြင်းတောင်းနဲ့ တစ်ခြင်း၊ နှစ်ခြင်းပိသာချိန် ၅၀၊ ၁၀၀ ခန့်သာရောင်းရင် လိုတဲ့ငွေပမာဏလောက်ရတာကြောင့် ခပ်များများလာမရောင်း

ကြတော့ပါဘူး။ပစ္စည်းကိုထိန်းရောင်းတဲ့သဘောရှိပါတယ်။ပစ္စည်းအဝင်ကလည်းတစ်ဈေးခြားကိုပိသာချိန်တစ်သောင်းေ ကျာ်ခန့်တော့အဝင်ရှိနေပါတယ်။အဝင်ရှိသလောက်ပြည်တွင်းသုံးအတွက်မန်း၊ ပြည်၊မကွေး၊ မော်လမြိုင်၊ နေပြည်တော်စ တဲ့ဒေသ စုံကနေလက်လီရောင်းဖို့ရယ်၊ချင်းထိုးဖို့အတွက်ရယ်အဝယ်ရှိနေတဲ့အတွက်ဝင်သလောက်ပြန်ရောင်းနေရတယ် လို့ သိရပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်းမှာတင် ဖြုန်းအားကောင်းနေတယ်လို့လည်း သိရပါတယ်။တစ်ပတ် အတွင်းချင်းစိုပိသာချိန်ပေါင်း၂ဒသမ၅သိန်း စီးဆင်းသွားပါတယ်။ ချင်းခြောက်ကိုတော့ပရဆေးဖော်ဖို့နဲ့၊ လှောင်လက်သ မားေ တွဖြစ်တဲ့ ရန်ကုန်၊ မုံရွာ၊ စစ်တွေ၊ ပြည်မြို့က ဝယ်ယူနေလို့ တစ်ပတ်အတွင်း ပိသာချိန်တစ်သောင်းခွဲသာအရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ချင်းခြောက်က လက်ကျန်လည်းသိပ်မရှိတော့ပေမဲ့အရောင်းကလည်း ချင်းစိုလောက်မသွက်ဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုက တစ်ပိသာ ၁၀၀၀ကျပ်-၁၂၀၀ ကျပ်နဲ့ ချင်းခြောက်ကတစ်ပိသာ ၂၃၀၀ ကျပ်ဈေးရှိပါတယ်။