Main menu

Background

အသစ်ပေါ်ပေမဲ့ အဟောင်းလက်ကျန်နည်းလို့ဈေးကောင်းလာတဲ့ ပြည်ချင်း (ဥမ)

Wed, 10/15/2014 - 14:31 -- ydnar

ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ အောင်ပန်း၊တောင်ကြီးဘက်မှ ချင်းတက် (အသစ်)များ ပိသာ ၃၀ ဝင်အိတ် ၃၀၀ခန့် အဝင်များပေမဲ့ ချင်းသစ်မှာ အစိုဓါတ်များပြီး၊ အပုပ်မြန်တဲ့အတွက် လက်လီ၊ လက်ကားလှောင်သမားများမှ ဝယ် အားနည်းနေတာကြောင့် ပွဲရုံကို ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့်သာ အရောင်းအဝယ်ရှိပါတယ်။ ချင်းဥမအဟောင်းအများ အနေနဲ့ချင်းတက်အသစ်နဲ့ ယှဉ်ရင်ရောင်းအားကောင်းနေပြီး ပစ္စည်းကုန်ခါနီးလို့ဈေးလည်းကောင်းလာပါတယ်။ ယခင်အ

ပတ် ထက်တစ်ပိဿာ ကို ပျမ်းမျှ ၄၀၀ ကျပ်ခန့် ဈေးမြင့်သွားပြီး ယခု ချင်းဥမတစ်ပိသာ ၂၅၀၀ ကျပ်၊ ချင်းတက်အသစ် ၁၈၀၀ ကျပ်ဈေးဖြင့်ပုံမှန်ရောင်းဝယ် ဖြစ်လျက်ရှိပါတယ်။ ပွဲရုံများတွင်လက်လီ၊လက်ကားရောင်းဝယ်သူများ ချင်းဓါးလှီးသမားများနဲ့ ပိသာချိန် ၁၀၀၀ခန့်အရောင်းအဝယ် ဖြစ်ပါတယ်။ အခြားတိုင်းဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်ဘက်သို့ ပိသာချိန်ပျမ်းမျှ ၁၂၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့်စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။