Main menu

Background

ကြက်သွန်နီဈေးနှုန်းကျလို့ မဟာရသျှတ္တရလယ်သမားတို့ ဂိုဒေါင်ခါ

Wed, 10/15/2014 - 14:38 -- ydnar

ယခုနှစ်ဒေဝါလီပွဲတော်ကာလမှာ ဆောင်းရာသီရိတ်သိမ်းမယ့် သီးနှံတွေ ဈေးကွက်ထဲကိုရောက်လာပါတော့မယ်။ အိန္ဒိယနိုင်ငံရဲ့ကြက်သွန်နီဈေးကွက် အချက်အချာဖြစ်တဲ့ နာရှစ်ဒေသရှိ လာဆာဂါအွန်မှာ ဈေးနှုန်းတွေထပ်ကျလာပါ တယ်။ ထို့အတူမဟာရသျှတ္တရရှိကြက်သွန်တောင်သူတွေက လက်ရှိလှောင်ထားတဲ့ကြက်သွန်နီတွေကို တက်သုတ် ရိုက်ပြီးပြန်ထုတ်နေကြောင်းဖိုင်နန်ရှယ်အိပ်စပရက်သတင်းမှာဖော်ပြပါတယ်။စက်တင်ဘာ၃၀ရက်ကလာဆာဂါအွန်

ကိုကြက်သွန်နီ၁၂၅၀၀ကွမ်တယ်ထိရောက်ရှိလာပြီး အနိမ့်ဆုံးဈေးက တစ်ကွမ်တယ်ကို ရူပီး ၂၀၀ နဲ့ အမြင့်ဆုံးဈေး က တစ်ကွမ်တယ်ကို ၁၅၈၅ ရူပီးရှိပါတယ်(တစ်ကွမ်တယ် =  ၁၀၀ ကီလိုဂရမ်) ''ဒီဈေးနှုန်းတွေက ဆောင်းရာသီ ရိတ်သိမ်းမယ့် သီးနှံတွေ ဈေးကွက်ထဲဝင်မလာခင်နောက်ဆုံးအဆင့်ဖြစ်ပါတယ်။ ယခနှစ်မှာတော့ စက်တင်ဘာ လထဲမှာ အဝင်အများဆုံးဖြစ်ပါတယ်။ ကြက်သွန်နီအဝင်နဲ့အရောင်းက ၂၀၁၂ ခုနှစ်က ဈေးကွက်ထဲကို ကြက်သွန်နီ အဝင် ကွမ်တယ် ၂ ဒသမ ၅ သိန်းရှိပြီး ပျမ်းမျှ ဈေးနှုန်းက ရူပီး ၁၅၀၀နှုန်းရှိခဲ့ပြီး ယခု ၂၀၁၄ ခုနှစ်မှာအဝင်ကွမ်တယ် ၅၅၀၀၀ ကို ပျမ်းမျှရောင်းဈေးက ရူပီး ၃၀၀၀ ရှိခဲ့ပါတယ်။ ဈေးနှုန်းတွေကကျဆင်းနေတဲ့အတွက် ယခုနှစ်မှာလယ် သမားတွေက အရှုံးလေးဆလောက်တက်နေပါတယ်"လို့ လာဆာဂါအွန်ရဲ့ဥက္ကဋ္ဌနာနာဆာဟက်ပတီးကဖိုင်နန်ရှယ် အိပ်စ်ပရက်သတင်းဌာနသို့ ပြောပါတယ်။ ''မုတ်သုန်အဝင်နောက်ကျမှုက မိုးရာသီကြက်သွန်စိုက်ပျိုးမှုကို အခက်အ ခဲဖြစ်စေတဲ့အတွက် ဇွန်လအတွင်းက ကြက်သွန်ဈေးတွေ ခေါင်ခိုက်အောင် ရောက်ရှိခဲ့ပါတယ်။ သိုလှောင်ထားတဲ့ ကြက်သွန်နီတွေကမုတ်သုန်ရာသီမှာ အစိုပြန်ကုန်ပါတယ်။ အပျက်အစီးများမယ့် အလားအလာရှိတဲ့အတွက် ပို့ကုန် သမားတွေကလည်းနောက်ထပ်ဝယ်ဖို့လက်တွန့်ကြပါတယ်။"ဟုသူကပြောသည်။ ဂိုဒေါင်ထဲမှာ ပုပ်ကုန်မှာ စိုးတဲ့အ တွက်မဟာရသျှတ္တရက ကြက်သွန်တောင်သူတွေကသူတို့လှောင်ထားတဲ့ ကြက်သွန်တွေကိုထုတ်ပစ်ကြရကြောင်း အမျိုးသားဥယျာဉ်ပန်းမန် သုတေသနဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှညွှန်ကြား  ရေးမှူးအာရပီဂုပ္ပတားကပြောပါတယ်။ ယ ခင်နှစ်တုန်းကလိုဘဲ ဈေးတွေဆက်တက်ဦးမှာပဲဆိုတဲ့ ယုံကြည်ချက်နဲ့တောင်သူတွေဟာ ဇွန်လကတည်းကစပြီး ကြက်သွန်တွေလှောင်ထားကြပါတယ်။ ဒါပေမယ့်လှောင်ထားတဲ့ ကြက်သွန်နီတွေကမိုးရွာတဲ့အခါ အစိုပြန်ကုန်ပါတ ယ်။ ဒီလိုအစိြုပန်တဲ့အတွက်အထားမခံဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းတက်ဖို့အခွင့်အလမ်း မရှိတော့တဲ့အတွက်တောင်သူေ တွက လှောင်ထားတာတွေကိုပြန်ထုတ်ကြောင်းသူကပြောပါတယ်။ ဇွန်အကုန်လောက်မှာ ကြက်သွန်နီဈေးတွေ စ တင်မြင့် တက်လာတဲ့အတွက် လက်ကားဈေးကွက်မှာ တစ်ကီလိုကိုရူပီး ၄၀-၄၄ ရှိပြီး လက်လီဈေးကွက်မှာရူပီး ၆၀ ရှိခဲ့ပါတယ်။ အဲဒီအချိန် တုန်းကအစိုးရအနေနဲ့ ကြက်သွန်နီကိုအရေးကြီးကုန်စည်အက်ဥပဒေ(Essential Commodi -ty Act)အရ အရေးယူခဲ့ပါတယ်။ အဲဒီအက်ဥပဒေအရ တောင်သူတွေဟာသတ်မှတ်ထားတဲ့အတိုင်းအတာထက်ေ ကျာ်လွန်ပြီးသိုလှောင်ခွင့်မရှိပါဘူး။ ဒီဥပဒေကိုချိုးဖောက်ရင်ပြင်းပြင်းထန်ထန် အရေးယူမယ်လို့အစိုးရက ခြိမ်းခြောက် ခဲ့ပါတယ်။ ဒါကြောင့် တောင်သူတွေက ကြက်သွန်တွေကို တစ်စတစ်စထုတ် ရောင်းလာပါတယ်။