cement

        ဧရာပုသိမ်ဖွံ့ဖြိုးမှုအများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီဟာ ၂၀၀၉ ခုနှစ်မှစတင်ကာ ဧရာဝတီတိုင်းဒေသကြီးရဲ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာရာသီ မပြတ်စိုက်ပျိုးထုတ်လုပ်လျက်ရှိတဲ့ လယ်ယာမြေများမှာဓါတ်မြေသြဇာသုံးစွဲမှုပမာဏ မြင့်တက်လာမှုနဲ့ မြေဆီလွှာသဘာ၀ အရင်းအမြစ်များ ထိခိုက်မှုမှ ကာကွယ် ရန်လက်ရှိကာလသုံးစွဲနေသော တန်ဖိုး မြင့် ဓာတ်မြေသြဇာ များနေရာတွင် အဏုဇီဝမြေသြဇာကို အစားထိုးသုံးစွဲ ပြီး အသုံးစရိတ်လျှော့ချနိုင်ရန်Asean Economic Communty (AEC)  အာဆီယံ စီးပွားရေးအသိုက်အဝန်းဈေးကွက်ကြီး ဖြစ်ပေါ်လာချိန်မှာ  စားသုံးသူဘေး     အန္တရာယ်ကင်းပြီး အရည်အသွေးမြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံ တကာသို့ တင်ပို့ရောင်းချရာမှာ ဈေး ကွက်ခိုင်မာလာစေရန်ရည်ရွယ်လျက် သဘာဝအဏုဇီဝမြေသြဇာကို ထုတ် လုပ်ခြင်းဖြစ်ကြောင်း၊ ဧရာပုသိမ်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။ထိုင်ဝမ်စိုက်ပျိုးရေးပညာတက္ကသိုလ်မှ ပညာရှင်များနဲ့ ကုမ္ပဏီစိုက်ပျိုး ရေးတာဝန်ခံများ ပူးပေါင်းပြီး စက်ရုံ များမှ ဘေးထွက်စွန့်ပစ်ပစ္စည်းများ၊တိရစ္ဆာန်တို့ရဲ့အညစ်အကြေး၊ သဘာ၀ ပစ္စည်းများနဲ့  ပြည်ပနည်းပညာတို့ ပေါင်းစပ်ထားလျက် အဏုဇီဝမြေသြဇာ ကို ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊အဏုဇီ၀ မြေသြဇာများကို အသုံးပြုပြီး၊ လယ်မြေ ကို အကျိုးမပြုတဲ့ ပိုးမွှားများကိုနှိမ်နင်း ပြီး အကျိုးပြုတဲ့ ပိုးမွှားများကိုမွေးမြူ လျက်လယ်ယာမြေများမှာ သဘာဝ  အရင်းအမြစ်များ ပြန်လည်ဖော်ထုတ် ရန်ဖြစ်ကြောင်း ၎င်းင်းကဆက်လက်ပြော ကြားပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများမှာ ဓာတ်မြေသြဇာထက် အဏုဇီဝမြေသြဇာ သုံးစွဲမှုကို အမျိုးသားရေးတာဝန် တစ်ရပ် အဖြစ်လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ယနေ့ ကမ္ဘာ့ဆန်ဈေးကွက်မှာလည်း အဏုဇီ၀ မြေသြဇာသုံးစွဲပြီး စိုက်ပျိုး
ထုတ်လုပ်လျက်ရှိတဲ့နိုင်ငံများမှာ ဈေး ကွက်ရလျက်ရှိကြောင်း၊ ဓါတ်မြေသြဇာ များ မဆင်မခြင်သုံးစွဲရင် မိမိတို့ လယ် ကွင်းထဲမှာရှိတဲ့မြေတွင်းအောင်းသား ငါးနဲ့ ကျေးငှက်တိရစ္ဆာန်များ လျော့ နည်းလာမှာဖြစ်ကြောင်း၊ ဘေးထွက် ဆိုးကျိုးများမှ ကာကွယ်ရန်နဲ့ သဘာဝကိုမထိခိုက်စေရန် ဧရာပုသိမ်ဖွံ့ဖြိုးမှု အများနဲ့သက်ဆိုင်တဲ့ကုမ္ပဏီမှ ပြည်ပ ပညာရှင်များကို ဖိတ်ခေါ်ပြီး အဏုဇီ၀ မြေသြဇာကို  ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးသာမက နိုင်ငံတစ်ဝန်းလုံး သုံးစွဲနိုင်ရန် ထုတ်လုပ် ဖြန့်ဖြူးရောင်း ချသွားမှာ   ဖြစ်ကြောင်း ဦးဝင်းမြင့်လှိုင်ကထပ်မံပြောကြားပါတယ်။
အဏုဇီဝမြေသြဇာကို ပုသိမ်မြို့ အမှတ် (၁၀) ရပ်ကွက်၊ ကုမ္ပဏီပိုင် ပေါင်း ဆန်စက်ရုံဝင်းအတွင်းမှာ ၂၀၁၂ ခုနှစ် မှာ စတင်ထုတ်လုပ်ပြီးပုသိမ်မြို့နယ် တွင်းရှိ မင်းကုန်းကျေးရွာ တောင်သူ ဦးမျိုးထွန်းလယ်မှာ စမ်းသပ်အသုံးပြုခဲ့ ရာအထွက်နှုန်းကောင်းပြီး အဖျင်းအမှော်နည်းသောစပါးများရရှိကြောင်း၊ဆန်စပါးသာမကအခြားသီးနှံများဖြစ်တဲ့ ငရုတ်သီး၊ကွမ်း၊ဂန္ဓမာ၊ ခရမ်းသီးစိုက် ခင်းများမှလည်း မြေခံမှာကတည်း ကထည့်သွင်းစိုက် ပျိုးခဲ့ရာ မှာ အောင်မြင်ဖြစ် ထွန်းတဲ့သီးနှံများရရှိကြောင်း၊သာပေါင်း မြို့နယ် သဲဖြူကျေးရွာမှ တောင်သူဦးဖြူ လေး၊မင်းကုန်းကျေးရွာမှ ဦးမျိုးထွန်း၊ ကန်ကြီးထောင့်မြို့နယ်မှ ဦးခင်မောင်ဝင်း၊ ကျောက်ချောင်းကြီး ကျေးရွာမှ ဦးမော်မော် တို့ကပြောကြားပါတယ်။
မြန်မာနိုင်ငံစိုက်ပျိုးရေးလုပ်ငန်း၊လယ်ယာမြေကဏ္ဍသုံးနှစ်တာလေ့လာဆန်းစစ်မှုစာတမ်းကိုစိုက်ပျိုးရေးလုပ်ငန်းကထုတ်ပြန်ရာမှာရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊ ဓါတ်မြေ သြဇာများ နည်းစနစ်မမှန် မကန်သုံး စွဲ ခြင်း ၊ မြေချဉ်ငံကိန်းမြင့်မားလာပြီး စိုက်ပျိုးသီးနံှများအောင်မြင်ဖြစ်ထွန်းမှု လျော့ကျစေခြင်းနဲ့ ပိုးမွှားအန္တရာယ် များလည်း  ကျရောက်နိုင်ကြောင်း၊ အဏုဇီဝမြေသြဇာကို အပြည်ပြည်  ဆိုင်ရာစံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ် ပြီး စိုက်ပျိုးမြေကိုအစာကျွေးပြုပြင်ကာအပင်အတွက်လိုအပ်တဲ့အာဟာရဓါတ်များကိုသာသုံးစွဲကြောင်း၊လွန်ကဲစွာသုံးစွဲမိရင်လည်းအန္တရာယ်မရှိကြောင်း၊နေပြည်တော်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမြေအသုံးချရေးဌာနခွဲမှထုတ်လုပ်ခွင့်လိုင်စင်ရရှိထားပြီး၊ယခုအခါစမ်းသပ်ကာလပြီးဆုံးပြီးထုတ်လုပ်သိုလှောင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ဧရာပုသိမ်ကုမ္ပဏီစီမံကိန်းဒါရိုက်တာဦးဝင်းကြည်ကပြောပါတယ်။ အဏုဇီဝမြေသြဇာ၃၀ကီလိုတစ်အိတ်ကိုသယ်ယူစရိတ်မပါ၆၀၀၀ကျပ်ဈေးဖြင့်ပြင်ပဓါတ်မြေသြဇာဈေးနှုန်းထက်ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိကြောင်း၊ပုသိမ်ခရိုင်ကန်ကြီးထောင့်မြို့နယ် ညောင် ကုန်း

ကျေးရွာမှာတစ်နာရီကိုကီလို၃၀၀င်၊အိတ်ရေ၁၅၀ထုတ်လုပ်နိုင်တဲ့စက်ရုံတစ်ရုံကိုကုမ္ပဏီမှဆောက်လုပ်လျက်ရှိရာ၈၀ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ဧရာဝတီတိုင်းဒေသကြီးအတွင်းပုသိမ်၊ကန်ကြီးထောင့် ၊သပေါင်း၊ကျုံပျော်၊ဟင်္သာတ၊ဝါးခယ်မ၊ဓနုဖြူ၊အိမ်မဲ၊မြောင်းမြ၊ငပုတောမြို့နယ်များမှာအရောင်းကိုယ်စားလှယ်ထားရှိပြီးအဏုဇီဝမြေသြဇာများကို ရောင်းချပေးလျက်ရှိကြောင်း၊ ဧရာပုသိမ် ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်လှိုင် နဲ့ဒါရိုက်တာအဖွဲ့ဝင်များဟာနေပြည်တော်၊ပုဂံ၊ညောင်ဦး၊ပျော်ဘွယ်မြို့များရှိစိုက်ပျိုးရေးဌာန၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ဒေသခံတောင်သူများနဲ့တွေ့ဆုံလျက်အဏုဇီဝမြေသြဇာအကြောင်းတောင်သူများအားရှင်းလင်းပြောကြား ကာ၊အရောင်းကိုယ်စားလှယ်များခန့် အပ်ပြီး  မြန်မာ့ပြည်တွင်းဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့ စိုက်ပျိုးသီးနှံများ ကျန်း မာရေးနဲ့ ညီညွတ်စွာ သဘာဝအတိုင်းစားသုံးနိုင်ရေးနဲ့ ကမ္ဘာ့ဈေးကွက် အထိ ထိုးဖောက်နိုင်ရန် ရည်ရွယ်ပြီး အဏုဇီ၀ မြေသြဇာများကို ထုတ်လုပ်ဖြန့်ဖြူးရောင်း ချခြင်းဖြစ်ကြောင်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမြင့်လှိုင်ကပြောပါတယ်။
    မင်းမင်းဦး-ပုသိမ်