Main menu

Background

နှမ်းသစ်ပေါ်လို့ နှမ်းနဲ့နှမ်းဆီဈေးကျ

Wed, 09/22/2010 - 02:41 -- Anonymous (not verified)

 နှမ်းသစ်ပေါ်လို့ နှမ်းနဲ့နှမ်းဆီဈေးကျ     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးနှမ်းအသစ်များလှိုင်လှိုင်ပေါ်ထွက်ပြီးမုံရွာဈေးကွက်အတွင်း ဝင်ရောက် လာပြီဖြစ်လို့ နှမ်းဈေးအနည်းငယ်အေးလာတယ်လို့ သိရပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်၊ ကလေး၊ တမူးမြို့နယ်များမှ နှမ်းသစ်များမုံရွာမြို့သို့ နေ့စဉ်ပျမ်းမျှတင်း ၅ဝဝ ခန့်ဝင်ရောက်လာ ပါတယ်။ ၂ဝဝ၉ ခုနှစ်သြဂုတ်လမှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ နှမ်းညို ၁၃၃၃ ကျပ်-၁၅၆၇ကျပ်၊ နှမ်းနီ ၁၄၆၇ ကျပ် -၁၅၁၃ ကျပ်၊ နှမ်းဝါ ၁၄ဝဝ ကျပ်-၁၅၆၇ ကျပ်၊ နှမ်းဖြူ၁၆၃၃ ကျပ်-၁၈၆၇ ကျပ်၊ ယခု ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အတွင်းနှမ်းညို ၁၂၃၃ ကျပ်-၁၃၃၃ ကျပ်၊ နှမ်းနီ ၁၄၁၃ ကျပ်-၁၄၃၃ ကျပ်၊ နှမ်းဝါ ၁၃၆၇ ကျပ် -၁၄ဝဝ ကျပ်၊ နှမ်းဖြူ ၁၆ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးအသီးသီးနဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။ ယခုလမှာ ဈေးအနည်းငယ် ကျသွားသော်လည်း အရောင်းအဝယ်သွက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း၁၈ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုလ စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ် အတွင်းမုံရွာမှ မန္တလေးသို့ တင်း ၁၈ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။နှမ်းဆီ ဈေးနှုန်း အနေနဲ့ မုံရွာမြို့မှာ သြဂုတ်လက တစ်ပိဿာ လက်ကားဈေးနှုန်း၂၆၅ဝ ကျပ်-၂၇ဝဝ ကျပ်မှ ယခုစက်တင်ဘာလမှာ ၂၄ဝဝ ကျပ်-၂၆ဝဝ ကျပ်သို့ကျသွားကြောင်း သိရပါတယ်။သန်းသန်းတင်