Main menu

Background

ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့ စားဆီဝယ်လိုအားမြင့်တက်မဲ့ အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက်

Wed, 09/22/2010 - 02:52 -- Anonymous (not verified)

 ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့စားဆီဝယ်လိုအားမြင့်တက်မဲ့အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက်      ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကကုန်စည် ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ကမ္ဘာ့အကြီးဆုံးပဲပုပ် သုံးစွဲတဲ့ တရုတ်နိုင်ငံက ပဲပုပ်ပိုမိုဝယ်ယူမယ့်ခန့်မှန်းချက်များအရ ပဲပုပ်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ချီကာကိုမှာနိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေးဟာဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဘှူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ၃၄၅ (တစ်တန်ကိုကန်ဒေါ်လာ ၃၈၃)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က ယခုနှစ် အမေရိကန်ပဲပုပ်အထွက် စံချိန်တင်မြင့်တက်မယ့် ခန့်မှန်းချက်ကြောင့် ပဲပုပ်ဈေး ဝဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ် ်လို့သိရပါတယ်။ ရုရှားက ကောက်ပဲသီးနံှတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ လ ၈ ရက်နေ့မှာ ပဲပုပ်တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝဒသမ၅၇ (တစ်တန်ကိုကန်ဒေါ်လာ၃၉၁) ဈေးထိရှိခဲ့လို့ ဇန်နဝါရီ၇ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာလမှာ ပဲပုပ်တန်ချိန် ၄ ဒသမ ၇၃ သန်းခန့်တင်သွင်းဖွယ်ရှိလို့ ၂ဝ၁ဝ ခုနှစ် ပထမ၈ လအတွက် ပျမ်းမျှတင်သွင်းမှုပမာဏထက် မြင့်တက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း မုန်ညှင်းစေ့၊ ပဲပုပ်ဆီနဲ့ ပဲပုပ်ဖတ်တင်သွင်းမှုကိုလည်း တန်ချိန်၁၁၅၄ဝဝ၊ ၂၇၃၆ဝဝ နဲ့ တန် ၆ဝဝဝအသီးသီးရှိမယ်လို့ ဆိုပါတယ်။အကောက်ခွန်ဌာန စာရင်းအရသြဂုတ်လအတွင်း ပဲပုပ်တန်ချိန် ၄ဒသမ ၇၇ သန်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊ှ  Source: riceonline