Main menu

Background

ကမ္ဘာ့ရော်ဘာသုံးစွဲမှုတန်ချိန် ၂၃ ဒသမ ၁ သန်း ရောက်ရှိ

Wed, 09/22/2010 - 03:31 -- Anonymous (not verified)

 ကမ္ဘာ့ရော်ဘာသုံးစွဲမှုတန်ချိန် ၂၃ ဒသမ ၁ သန်း ရောက်ရှိ    ကမ္ဘာ့ရော်ဘာသုံးစွဲမှုဟာ ၂ဝ၁ဝ ဇွန်လမှာတန်ချိန် ၂၃ ဒသမ ၁ သန်းကိုရောက်ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ် အလားတူကာလထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်းပိုမိုခဲ့ပြီး ယခုနှစ်ပထမနှစ်ဝက်အတွင်းကောက်ယူတဲ့ စစ်တမ်းများ အရ မော်တော်ကားနဲ့ တာယာလုပ်ငန်းတွေရဲ့ ဝယ်လိုအားလည်းကာမိတယ်လို့သိရပါတယ်။ တိုးတက်မှု ကိန်းဂဏန်းတွေရှိ နေပေမဲ့ မနှစ်က ကမ္ဘာ့ဝယ်လိုအား မပြည့်မီတဲ့ ေြွကးကျန်တွေလဲဖြည့်တင်းပေး ဖို့ရှိနေသေးကြောင်း သိရပါတယ်။ ရော်ဘာတုထုတ်လုပ်မှုက ၂ဝဝ၉ခုနှစ်က၁၃ဒသမ၃ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲမှုကိုလုံလောက်ကာမိကြောင်းသိ ရပါတယ်။ ကမ္ဘာ့ သဘာဝ ရော်ဘာရောင်းလိုအားကတော့ ၂ဝ၁ဝ ဒုတိယလေးလပတ်မှာ ၄ ဒသမ ၉ ရာခိုင်နှုန်းကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ကြောင်သိရပါတယ်။ ကမ္ဘာ့ရော်ဘာဝယ်လိုအားက ၂ဝ၁ဝ မှာတန်ချိန် ၂၃ ဒသမ ၉ သန်းနဲ့ ၂ဝ၁၁ မှာ တန်ချိန် ၂၅ ဒသမ ၅သန်း ကို ရောက်ရှိမယ်လို့ခန့်မှန်းပြီး သဘာဝရော်ဘာဝယ်လိုအားက လွန်ခဲ့တဲ့နှစ်က တန်ချိန် ၁၃ ဒသမ ၃ သန်းထက်တန် ဝ ဒသမ ၁၁ သန်းခန့်ပိုမိုလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှုက ၂ဝ၁ဝ ပြည့်နှစ်မှာ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ဝ ဒသမ ၂၅သန်းကို ရောက်ရှိနိုင်ကာ ၂ဝ၁၁ ခုနှစ်မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁ သန်းကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စုက ခန့်မှန်းလျက်ရှိပါတယ်။Source : Int's Rubber Study Group ,KZW