Main menu

Background

ဘရစ်ချ်စတုန်းကုမ္ပဏီမှ ကမ္ဘာ့ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်မည်

Wed, 09/22/2010 - 03:35 -- Anonymous (not verified)

 ဘရစ်ချ်စတုန်းကုမ္ပဏီမှ ကမ္ဘာ့ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်မည်      ဘရစ်ချ်စတုန်း ကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက် တိုးတက်လာမှုကို တုံ့ပြန်နိုင်ဖို့ အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ တာယာ ထုတ်လုပ်ရေးတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို တိုးခဲျ့ဖို့ ဆောင်ရွက်နေကြောင်းသိရပါတယ်။ ခရီးသည်တင်ကားတွေနဲ့ စီးပွားရေး လုပ်ငန်းသုံးကားတွေရဲ့ တာယာဝယ်လိုအား တိုးလာတာကြောင့် ဂျပန်တာယာ ထုတ်လုပ်ရေးဟာနွန်းခက်စက်ရုံရဲ့ စွမ်းအားကို မြင့်တင်ဖို့လိုအပ်ကြောင်း သိရှိခဲ့ပါတယ်။၎င်းစက်ရုံက ထိုင်းဈေးကွက်အတွက်ထုတ်လုပ်ပြီး အာရှနိုင်ငံများ၊မြောက်အမေရိကား နဲ့ ဥရောပကိုတင်ပို့ကြောင်းလဲ သိရပါတယ်။ ကုမ္ပဏီကခရီးသည်တင်ကားနဲ့ ထရပ်ကားတာယာတွေကို ၂ဝ၁၄ ခုနှစ် အကုန်မှာနေ့စဉ်ထုတ်လုပ်မှုကို (၁၃၅ဝဝ ) လုံးမှ(၅ဝဝဝဝ)လုံးအထိ ထုတ်လုပ်ဖို့ စီမံကိန်း ရေးဆွဲထားကြောင်း သိရပါတယ်။၂ဝဝ၈ ခုနှစ်ကစတင်စီမံကိန်းအကောင်အထည်ဖော်လည်ပတ်ခဲ့တဲ့ စက်ရုံဟာနေ့စဉ်ထုတ်လုပ်မှုတစ်နေ့ တာယာ၆ဝဝဝ ထုတ်လုပ်နေပြီး ၂ဝ၁၁ မှာစီမံကိန်း ကာလပြီးဆုံးမှာ ဖြစ်ကြောင်းသိရပါတယ်။ ဈေးကွက်တွေ ပြောင်းလဲပေမယ့် ရင်းနှီး မြုပ်နံှမှုရဲ့ တုံ့ပြန်မှုရလဒ်ဟာ ကောင်းမွန်နေပြီး ထုတ်လုပ်မှုကိုတိုးခဲျ့ပြီး ကမ္ဘာတစ်ဝန်းလုံးရဲ့ ဝယ်လိုအား ပြည့်မီအောင် ကမ္ဘာ့အဆင့်မီတာယာများထုတ်လုပ်သွားမယ်လို့ဘရစ်ချ်စတုန်းကုမ္ပဏီက ပြောကြားကြောင်း သတင်းရရှိပါတယ်။      Source : Etyres united      kingdom, KZW