Main menu

Background

နှစ်ဟောင်းလက်ကျန်နည်းလို့ နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့ကျလာ

Wed, 09/22/2010 - 03:43 -- Anonymous (not verified)

 နှစ်ဟောင်းလက်ကျန်နည်းလို့ နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့ကျလာ     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၆၃၆ ဒသမ ၂တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၇၈ သန်းနှင့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြောင်းဖူးစေ့ တန် ၁၄ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ဝ၃ဝ၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်မှာ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ ၄ဝ၄၂ ဒသမ ၃တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ် မှာ တန်ချိန် ၂၄ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပြောင်းဖူးစေ့မှာယခင်နှစ် ဟောင်းလက်ကျန်နည်းပါးလာတဲ့အတွက် တင်ပို့မှုလျော့ကျခဲ့ရတာလို့သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-                                   မိမိဘက်(ကျပ်/တန်)                                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                          ယခု          ယခင်        ပြောင်းလဲမှု     %          ယခု        ယခင်        ပြောင်းလဲမှု        %ပြောင်းဖူးစေ့   ၂၂၉၁၃၂    ၂၄၄၁၂၂       ၁၄၉၉ဝ        ၆ .၅       ၁၉၇ဝ        ၁၉၂ဝ             ၅ဝ                ၃