Main menu

Background

အရောင်းအဝယ်ပိုသွက်လာတဲ့ စစ်ကိုင်းတိုင်းကဂံျု

Wed, 09/22/2010 - 03:53 -- Anonymous (not verified)

 အရောင်းအဝယ်ပိုသွက်လာတဲ့ စစ်ကိုင်းတိုင်းကဂံျု   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များက ဂံျုများ၊ မုံရွာမြို့သို့ဝင်ရောက်လာပါတယ်။ မုံရွာမြို့က တစ်ဆင့်တိုင်းဒေသကြီးပြင်ပကို စီးထွက်မှုအများဆုံးသီးနံှက ဂံျုဖြစ်ပါတယ်။ မုံရွာမှ မန္တလေးသို့ ၂ဝ၁ဝ ခု သြဂုတ်လမှာ တစ်တင်းခွဲဝင်ဂံျုအိတ် ၁၄၂၂၃ အိတ်စီးထွက်ခဲ့ပြီး၊ စက်တင်ဘာ ၉ ရက်နေ့ထိ ၂၈၂၇ အိတ် စီးထွက်ခဲ့ပါတယ်။ ဂံျုဖြူသန့်တစ်ပိဿာအနိမ့်အမြင့်ဈေးများမှာ ၂ဝ၁ဝ ခု သြဂုတ်လအတွင်း ၅၈၅ကျပ်-၇၈ဝကျပ်၊ စက်တင်ဘာပထမပတ်အတွင်း ၆၉ဝ ကျပ်- ၇၇၅ ကျပ်၊ ဂုံျအထွက် တိုးတစ်ပိဿာဈေးမှာ သြဂုတ်လအတွင်း ၅၂၅ ကျပ်-၆၇၅ ကျပ်၊ စက်တင်ဘာ ပထမပတ်အတွင်း ၆၄ဝ ကျပ်-၆၇၅ ကျပ် ဈေးအသီးသီးနဲ့ အရောင်း အဝယ် ပြုလုပ်ကြပါတယ်။ မုံရွာစက်မှုဇုန်ရှိ ဂုံျစက် ၂ဝလုံးမှ နေ့စဉ်သုံးစွဲမှုရှိသလိုတိုင်းဒေသကြီးပြင်ပစားသောက်ကုန် လုပ်ငန်းရှင်များက မုံရွာမြို့သို့လာရောက်ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၁၅ဝဝ ကျော်အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                                                         သန်းသန်းတင်