Main menu

Background

ရေလွှမ်းမိုးမှုကြောင့် ကြံသီးနံှများ ပျက်စီးခဲ့တဲ့ ပါကစ္စတန်မှ သကြားတန်ချိန် တစ်သန်းဝယ်ယူဖွယ်ရှိ

Wed, 09/22/2010 - 04:04 -- Anonymous (not verified)

 ရေလွှမ်းမိုးမှုကြောင့် ကြံသီးနံှများ ပျက်စီးခဲ့တဲ့ ပါကစ္စတန်မှသကြားတန်ချိန် တစ်သန်းဝယ်ယူဖွယ်ရှိ     အာရှမှာတတိယမြောက် သကြားအများဆုံးသုံးစွဲတဲ့ ပါကစ္စတန်နိုင်ငံဟာ ဆိုးဝါးပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် နိုင်ငံကြံ စိုက်ပျိုးမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရတဲ့အတွက် လာမယ့်နှစ်မှာသကြားတန်ချိန် တစ်သန်းခန့်အထိ တင်သွင်းရဖွယ်ရှိတယ်လို့ ပါကစ္စတန်စိုက်ပိုျးရေးဖိုရမ် ဥက္ကဌ အီဘရာဟင်မူဂါးလ် မှပြောကြားပါတယ်။ ကြံသီးနံှများထွက်ရှိမှု နည်းပါးသွားတာကြောင့် ၂ဝ၁၁ ခုနှစ်မှာ သကြားတန်ချိန် ၃ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်းရာမှ တန်ချိန် ၃ သန်းခန့်သာထုတ်လုပ်နိုင်တော့မယ်လို့လည်း၎င်းက ပြောကြားပါတယ်။ ဒါကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သန့်စင်ပြီးသကြား (သို့မဟုတ်) သကြားကြမ်းတန်ချိန်တစ်သန်း တင်သွင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ သန်းခန့် စားသုံးမှုရှိပြီးဈေးနှုန်းမြင့်တက်နေတဲ့ ပြည်တွင်းဈေးကျဆင်းအောင်နဲ့ ပြည်တွင်းဖြန့်ဖြူးမှု အလုံအလောက်ဖြစ်ရေး တင်သွင်းဖို့ လိုအပ်နေခြင်း ဖြစ်ပါတယ်။ ပြည်တွင်း သကြားဈေးအနေနဲ့ လွန်ခဲ့တဲ့ တစ်လအတွင်း ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလို ကိုရူပီး ၉ဝ(ကန်ဒေါ်လာ ၁ ဒသမ ဝ၅) ထိဖြစ်ခဲ့တယ်လို့ ကရာချိရှိ လက်လီ ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး Farid Qureshi မှ ပြောကြားပါတယ်။ယမုံနာ၊Sources: bloomberg.net