Main menu

Background

ငါးရှဉ့်တင်ပို့သူများ လေကြောင်းလိုင်းကို စတင်အသုံးပြုလာ

Wed, 09/22/2010 - 04:06 -- Anonymous (not verified)

 ငါးရှဉ့်တင်ပို့သူများ လေကြောင်းလိုင်းကို စတင်အသုံးပြုလာ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလဆန်းပိုင်းမှစ၍ ငါးရှဉ့်တင်ပို့သူများအနေဖြင့် လေကြောင်းလိုင်းကို စတင် အသုံးပြု တင်ပို့လာကြောင်း ငါးလုပ်ငန်းဦးစီးဌာန F.I.Q.C မှသိရသည်။     '' တရုတ်နိုင်ငံကို တင်ပို့တဲ့ ငါးရှဉ့်လုပ်ငန်းရှင်တွေအနေနဲ့ စက်တင်ဘာလဆန်းကစပြီး လေကြောင်းလိုင်း ကို စတင်အသုံးပြုလာတာကိုတွေ့ရပါတယ်။ လေကြောင်းလိုင်းက ငါးရှဉ့်တင်ပို့ခွင့်ကို ငါးလုပ်ငန်းဦးစီးဌာနက ခွင့်ပြုထားပေမယ့် မနှစ်ကတစ်နှစ်လုံးတင်ပို့တာမတွေ့ခဲ့ရပါဘူး။ ဒီနှစ်မှာတောင် ဧပြီလကနေ သြဂုတ်လကုန်အထိ တင်ပို့တာ မရှိခဲ့ပါဘူး။ အခုလေကြောင်းလိုင်းကနေ ဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းဖိုး တင်ပို့ပြီး ဖြစ်ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။      ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၁ဝ ဒသမ ၄၆၂ သန်းကိုလည်းကောင်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းကို လည်းကောင်း၊ လေကြောင်းလိုင်းကဒေါ်လာ ဝ ဒသမ ဝ၁၂ သန်းကို လည်းကောင်း တင်ပို့ခဲ့ရာ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ၁ဝ ဒသမ ၅၁၁ သန်း ရရှိထားပြီးဖြစ်သည်ဟု ဆိုသည်။                                                                                                                            ခင်မျိုးသွယ်