Main menu

Background

ဥကပ်ကဏန်းအမ ၃ဝဝဝဝ ကျော် ပင်လယ်ဝတွင် မျိုးစိုက်ထည့်

Wed, 09/22/2010 - 04:17 -- Anonymous (not verified)

 ဥကပ်ကဏန်းအမ ၃ဝဝဝဝ ကျော် ပင်လယ်ဝတွင် မျိုးစိုက်ထည့်          သဘာဝသို့ မျိုးစိုက်ထည့်ပေးရေး အစီအစဉ်အရေ ဥကပ်ကဏန်းအမ ကောင်ရေ ၃ဝဝဝဝ ကျော်ကို  ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူဒေသရှိ ပင်လယ်ဝတွင် စက်တင်ဘာလ ၁ဝ ရက်နေ့က လွှတ်ပေးခဲ့ ကြောင်းသိရသည်။                                 '' အခုအစီအစဉ်က မြို့နယ်ကဏန်းလုပ်ငန်းရှင်တွေရယ်၊ ချိန်ကောင်းကုမ္ပဏီရဲ့ အလှူငွေထည့်ဝင်မှုနဲ့ ပြုလုပ်ခဲ့တာပါ။ ရေလုပ်သားတွေအနေနဲ့ သဘာဝက အများအပြားဖမ်းဆီးထုတ်လုပ်ခဲ့ကြတာကြောင့် အခုချိန်မှာ ငါး၊ ပုစွန်၊ကဏန်းတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာတာကို သတိပြုမိကြပုံရပါတယ်။ ဒါ့ကြောင့်လည်း ပင်လယ်ကမ်းဝေးအသင်းကရာသီဥတုတွေ ဖောက်ပြန်လာတဲ့အတွက် ငါးအမိနည်းလာတာတွေ တင်ပြလာပြီး၊ ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ပိတ်ပင်ဖို့အထိ တင်ပြတောင်းဆို လာတာတောင်ရှိပါတယ်။ ဒီလို အနေအထားမှာ ကဏန်းလုပ်ငန်းရှင်တွေက ငွေကျပ်၁ဝ သိန်းကျော် ထည့်ဝင်ပြီး ဥကပ်ကဏန်းအမကောင်ရေ ၃ဝဝဝဝ ကျော် ကို သဘာဝရေပြင်ထဲကို မျိုးစိုက်ပေးကြတာပါ။နောက်ထပ်လည်း ဥကပ်ကဏန်းအမတွေ လွှတ်ပေးဖို့ အစီအစဉ်လဲ ရှိပါတယ် '' ဟု ကဏန်းလုပ်ငန်းရှင်များအသင်းမှဦးမြတ်ဦးကပြောကြားသည်။       ကဏန်းများမျိုးသုဉ်းမှုမှ ကာကွယ်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ကဏန်းမဖမ်းရဒေသများ သတ်မှတ်ပေးထားသည် ဟုဆိုသည်။                                                                                          ခင်မျိုးသွယ်