Main menu

Background

မူဆယ်ကဏန်း ကုန်သည်များ ချင်းရွှေဟော်ဘက်မှ ပို့ရန်စီစဉ်

Wed, 09/22/2010 - 04:18 -- Anonymous (not verified)

 မူဆယ်ကဏန်း ကုန်သည်များ ချင်းရွှေဟော်ဘက်မှ ပို့ရန်စီစဉ်        မူဆယ်အခြေစိုက် ကဏန်းကုန်သည်များအနေဖြင့်စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းဘက်မှတရုတ်နိုင်ငံယူနန်ပြည်နယ်ဘက်သို့တင်ပို့ရန်စီစဉ်နေပြီဖြစ်သည်။                                                                                                                                               '' မူဆယ်ကဏန်းကုန်သည်များအနေနှင့် ချင်းရွှေဟော်က ပို့တဲ့အခါ မူဆယ်လေလံပေါက်ဈေးကိုယူပြီး ပို့ရတာပါ။ မေလလောက်က ကား ၃ စီးပို့ခဲ့ပါတယ်။ ဈေးကွက်လဲ ခိုင်မာမှုရှိပါတယ်။ အဲဒီအချိန်မှာ တရုတ်ဘက်က သတ်မှတ်တဲ့ အခွန်ဈေးနှုန်းက နည်းနည်းမြင့်နေတဲ့အတွက် ညှိနှိုင်းဖို့ခဏရပ်ခဲ့ရပါတယ်။ မူဆယ်စခန်း ကပို့မယ်ဆိုရင် မြန်မာဘက်ကို ၃ ရာခိုင်နှုန်း၊ တရုတ်ဘက်ကို ၄ ရာခိုင်နှုန်း အခွန်ဆောင်ပြီးမှပို့ရတာပါ။ အဲဒီစနစ်ကိုပြီးခဲ့တဲ့ ၆ လလောက်ကပယ်ဖျက်ခဲ့ပါတယ်။အခု သြဂုတ်လ ၁ ရက်ကစပြီး ဟိုဘက်ဒီဘက် အခွန် ၃ ရာခိုင်နှုန်းစီ ၆ ရာခိုင်နှုန်းကို ဆောင်ပြီးမှပို့ရပါတယ်။ ချင်းရွှေဟော်ဘက်ကပို့ရင် အဲဒီလိုအခွန် စနစ်လဲမရှိတဲ့အတွက် မူဆယ်အခြေစိုက် ကဏန်းလုပ်ငန်းရှင် ၂ဝရာခိုင်နှုန်း လောက်ကစုပြီး တင်ပို့ဖို့စီစဉ်ကြတာပါ'' ဟုကဏန်း လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။       လက်ရှိအခြေအနေတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းက လစဉ်ကဏန်းတန် ၅ဝဝ ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။ ခင်မျိုးသွယ်