Main menu

Background

လက်ကျန်နည်းလာပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ရှမ်းချင်း

Wed, 09/22/2010 - 04:37 -- Anonymous (not verified)

 လက်ကျန်နည်းလာပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ရှမ်းချင်း       ဒီတစ်ပတ်ဈေးကွက်ထဲမှာ ချင်းစိုတွေ နည်းနေပါပြီ။ ဟိုပုံးမြို့နယ်ကထွက်တဲ့ ချင်းတွေကလည်း လှောင်လက်တွေမှာ ပိဿာချိန် ထောင်ဂဏန်းလောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ အောင်ပန်းနယ် တစ်ဝိုက်မှာ မတ်လကစိုက်ခဲ့တဲ့ ချင်းစိုတွေက အောက်တိုဘာလမှာ ဈေးကွက်ကိုစပြီး ဝင်လာမှာ ဖြစ်ပါတယ်။ စပေါ်စမှာ အနုတွေသာ ဈေးကွက်ကိုဝင်လာမှာဖြစ်လို့ တာရှည်အထားမခံနိုင်သေးပါဘူး။ နိုဝင်ဘာလလောက်မှသာ အရင့်တွေဝင်လာ မှာဖြစ်ပါတယ်။ ဟိုပုံးနယ်မှာတော့ ဧပြီလမှ စပြီးစိုက်တာကြောင့် ဈေးကွက်ကို အဝင်နောက်ကျမှာဖြစ်ပါတယ်။ ဒီနှစ်က ချင်းအထွက်နည်းမယ်လို့ ဒေသခံတွေက ခန့်မှန်းကြ ပါတယ်။စပြီးစိုက်တဲ့ မတ်၊ ဧပြီလမှာ အပူချိန်ပြင်းတာကြောင့် ချင်းအစိုမြေကြီးထဲမှာ ပုပ်သွားတယ်လို့ ချင်းစိုက် တောင်သူတွေထံက သိရပါတယ်။ အရင်က ချင်းပိဿာချိန်၁ဝဝဝ စိုက်ရင် ဥမက ပိဿာ ၈ဝဝ လောက်ပြန်ထွက် ပေမဲ့ ဒီနှစ်တော့ ၃ဝဝပိဿာလောက်သာထွက်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းစိုဈေးကတောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်ရှိပြီး ချင်းခြောက်ဈေးကတော့ ၂၅၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ချင်းစိုဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၉၅ဝ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၂၃ဝဝကျပ်ဈေးရှိပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်းချင်းပိဿာချိန် ၁ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်