Main menu

Background

ရှမ်းကြက်သွန်ဖြူဈေးခပ်အေးအေး

Wed, 09/22/2010 - 04:48 -- Anonymous (not verified)

 ရှမ်းကြက်သွန်ဖြူဈေးခပ်အေးအေး          ရှမ်းကြက်သွန်ဖြူဈေးက ဒီတစ်ပတ်မှာဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ သီးနံှဈေးတွေ အကုန်အေးနေတယ်လို့ သိရပါတယ်။မိုးအဆက်မပြတ်ရွာနေတာကြောင့် ခရီးသွားလာရေး ခက်ခဲတာရယ်၊ လှောင်လက်တွေကလည်း ထုတ်ရောင်းလာတာရယ်ကြောင့် ဈေးငြိမ်နေတာလို့ ကုန်သည်တွေထံက သိရပါတယ်။ ကြက်သွန်ဖြူ ဝယ်လှောင်ထားတဲ့ လှောင်လက်တွေကလည်းသနပ်ဖက်ပေါ်ချိန် ပြောင်းအသစ်ပေါ်ချိန်မှာ အဲဒီပစ္စည်းတွေကို ဝယ်လှောင်ချင်တာကြောင့် ငွေပေါ်အောင်ပြန်ပြီး ထုတ်ရောင်းနေကြပါတယ်။ နှစ်တိုင်းမှာလည်းဒီအချိန်ဟာ ကြက်သွန်ဖြူဈေးကျနေကြလို့လည်း သိရပါတယ်။ အခုအချိန်မှာဈေးကျပြီး သီတင်းကျွတ်လပြည့်ကျော်ရင် ပြန်တက်တာကလည်း ထုံးစံလိုပါပဲ။လောလောဆယ်ဈေးကွက်ထဲမှာ ပခုက္ကူူစ၊ လားရှိုးစတွေလည်း ရှိနေသေးတာကြောင့် ဈေးငြိမ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကြီးဈေးကွက်မှာကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၂၄၅ဝ ကျပ်၊ ထူး(၁) ၂၅၅ဝ ကျပ်၊ ထူး (၂)၂၆၅ဝ ကျပ်၊ ထူး (၃) ၂၇၅ဝ ကျပ်၊ ထူး (၄) ၂၈၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ လတ်ခြား ၂၆ဝဝ ကျပ်၊ ထူး (၁) ၂၈ဝဝ ကျပ်၊ ထူး (၂)၃ဝဝဝ ကျပ်၊ ထူး (၃) ၃၂ဝဝ ကျပ်၊ ထူး (၄) ၃၃ဝဝ ကျပ် ဈေးရှိပါတယ်။ဧဧခိုင်