Main menu

Background

ရှမ်းနနွင်း ပုံမှန်အရောင်းအဝယ်ဖြစ်

Wed, 09/22/2010 - 05:35 -- Anonymous (not verified)

 ရှမ်းနနွင်း ပုံမှန်အရောင်းအဝယ်ဖြစ်          ယခုလောလောဆယ်မှာတော့ ရှမ်းနနွင်းတွေက ကြိုက်ရောင်းကြိုက်ဝယ်နဲ့သာ အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာ အဝင်မရှိသလောက်ဖြစ်နေတာကြောင့် လှောင်လက်တွေကသာ လက်ကျန်တွေကို ထုတ်ရောင်းနေပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း အောင်ပန်း ဈေးကွက်မှာလက်ကျန် နည်းလာလို့ ပစ္စည်း အရည်အသွေးကို ရွေးချယ်ဝယ်လိုတာကြောင့်ပင်လောင်းဖက်ကို ဆင်းဝယ်ကြပါတယ်။ ပစ္စည်းပေါ်မူတည်ပြီး တစ်ပိဿာ ၃ဝဝဝကျပ်ဈေးနဲ့ ဝယ်ယူတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာ ၂၉ဝဝ ကျပ်ဈေးသာရှိပါတော့တယ်။ နနွင်းခါးကတော့ အရင်အပတ်ကဈေးအတိုင်းဖြစ်ပြီး တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝကျပ်ဈေး၊ နနွင်းခေါင်းကလည်း တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးကထွက်တဲ့ နနွင်းလက်ကျန်တွေကို တစ်ပိဿာ၃၃ဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြပါတယ်။ လက်ကျန်နည်းပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေတာကြောင့် တစ်ပတ်အတွင်းနနွင်းပိဿာချိန် ၇၃၅ဝဝ ပိဿာစီးဆင်းသွားတယ်လို့ ဒေသခံကုန်သည်တွေထံမှ သိရပါတယ်။ဧဧခိုင်