Main menu

Background

အမြောက်အမြားထွက်ရှိမယ့် မျှော်လင့်ချက်များကြောင့် အိန္ဒိယနနွင်းဈေးကျဆင်း

Wed, 09/22/2010 - 05:39 -- Anonymous (not verified)

 အမြောက်အမြားထွက်ရှိမယ့် မျှော်လင့်ချက်များကြောင့် အိန္ဒိယနနွင်းဈေးကျဆင်း       အိန္ဒိယနိုင်ငံမှာ ယခုနှစ်နနွင်း အမြောက် အမြားထွက်ရှိမယ့် မျှော်လင့်ချက်များကြောင့် လွန်ခဲ့တဲ့ သီတင်းပတ် များအတွင်း နနွင်းဈေးကျဆင်းခဲ့ပါတယ်။ ကာလတို အလားအလာအနေနဲ့ဆောင်းရာသီဝယ်လိုအား လက်ကျန်နည်း ခြင်းတို့ကြောင့်နနွင်းဈေးတည်ငြိမ်ဖွယ်ရှိပြီး ကာလရှည်အတွက်တော့ အထွက်နှုန်း မြင့်တက်မယ့် အလားအလာရှိလို့ ဈေးလျော့ကျ နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ လွန်ခဲ့တဲ့ သီတင်းပတ်က အိတ်၅ဝဝဝ ဝင်ရောက်ရာမှ ၃ဝဝဝ ကိုကျဆင်းခဲ့သလို နီဇမ်မာဘတ်ဈေးကွက်ကို လည်းအိတ် ၅ဝဝ ဝင်ရောက်ရာမှ ၃ဝဝ ကို လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်နီဇမ်မာဘတ် လက်ငင်းဈေးကွက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က တစ်တန်ကိုရူပီး ၁၃၆၃၈ဝ (ကန်ဒေါ်လာ ၂၉၅ဝ) ရှိလို့ အဲဒီဈေးထက်တော့ နောက်ထပ်မကျဆင်းနိုင် သေးဘူးလို့ ဆိုပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ ပြည်ပတင်ပို့မှုတိုးတက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ု            Kotak Commodity Services ရဲ့ အစီရင်ခံ တင်ပြချက်အရ ယခင်နှစ်စိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက်ပိုပြီး ယခုနှစ်မှာ နနွင်းစိုက်ဟက်တာ ၂ဒသမ ဝ၆ သိန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း စိုက်ဧရိယာဟာ၁၅ဝ ရာခိုင်နှုန်းကျော်ထိ ထူးထူးခြားခြားမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံးရဲ့ ၃၁ ရာခိုင်နှုန်းနီးပါးရှိရာ ယခင်နှစ်က ဟက်တာ ဝ ဒသမ ၅ဝသိန်းရှိခဲ့ရာမှ ၂၈ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး ဟက်တာ ဝ ဒသမ ၆၄ သိန်းထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။တမီနီဒူးမှာလည်း ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ဝ ဒသမ ၄၃ သိန်းထိ တိုးတက် စိုက်ပိုျးဖွယ်ရှိတယ်လို့ ဆိုပါတယ်။          Angel Commodities ရဲ့ နောက်ထပ်အစီရင်ခံစာတစ်စောင်မှာတော့ နနွင်း ထုတ်လုပ်မှုဟာ ယခင်နှစ်က တစ်အိတ်ကို၇ဝ-၇၅ ကီလိုပါတဲ့ အိတ် ၄၈ သိန်း ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅-၆၇ သိန်းထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လှောင်လက်တွေရဲ့ လက်ထဲမှာ လက်ကျန် အိတ် ၁၅ သိန်းခန့် ရှိမယ်လို့ ဆိုပါတယ်။ယမင်းခင်၊Sources: Business standard