Main menu

Background

အာရှဆန်ဈေးကွက်သတင်း

Wed, 09/22/2010 - 05:51 -- Anonymous (not verified)

 အာရှဆန်ဈေးကွက်သတင်းဗီယက်နမ်က ရည်မှန်းချက်အတိုင်း ဆန်တင်ပို့နိုင်မယ်ဟုဆို         ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာအသင်း (VFA )မှ သြဂုတ်လအစောပိုင်းက ၂ဝ၁ဝ တစ်နှစ်လုံးအတွက် ဆန်တင်ပို့မှု ရည်မှန်းချက်ကို တန်ချိန်၆ ဒသမ ၅ သန်းအထိ မြင့်တင်ဖို့ တင်ပြခဲ့ပေမဲ့ ဆန်တင်ပို့မှု ညွှန်ကြားတဲ့ကော်မတီက ဆန်တန်ချိန် ၆ ဒသမ ၁ သန်းသာ တင်ပို့သင့် တယ်လို့ဆုံးဖြတ်ခဲ့ပြီး ဝင်ငွေတိုးတက်စေဖို့ ဆန်တင်ပို့ဈေးနှုန်းကို မြင့်တင်ဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် (VFA ) မှ ဆန်ကြမ်းခင်း ဈေးကိုတိုးမြင့်ခဲ့ရာ ၂၅ မှတ်ဆန်ဈေး တစ်တန်ကန်ဒေါ်လာ ၄၁ဝ နဲ့ ၅မှတ်ဆန်တစ်တန် ကန်ဒေါ်လာ ၄၅ဝ အသီးသီးဖြစ်ခဲ့ပါတယ်။ လတ်တလောဆုံးဖြတ်ရတဲ့ အကြောင်းရင်း ၂ ချက်ကတော့ ပြည်တွင်းဆန် ဖူလုံမှုနဲ့ ပတ်သက်တဲ့ အကြောင်းနဲ့ ဆန်တင်ပို့ခြင်းမှအကျိုးအမြတ်ကို လုပ်ငန်းရှင်အသိုင်းအဝိုင်း အတွက်သာမက လယ်သမား များအတွက်လည်း လုံလုံလောက်လောက်သင့်တယ်ဆိုတဲ့ ဆန်တင်ပို့မှု မူဝါဒကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး အခြေခံ စီးပွားရေးပညာရှင် Phan Quang Dieu ပြောကြားတာကတော့ လက်ရှိနိုင်ငံအနေနဲ့ စားနပ်ရိက္ခာလျော့ကျမှု ပြဿနာ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ဗီယက်နမ် နိုင်ငံအနေနဲ့ ရောင်းချမှုအမြောက်အမြားရှိနေလို့ ဆန်တန်ချိန် ၇ သန်းအထိ တင်ပို့တဲ့တိုင်အောင်ပြည်တွင်း ဆန်ဖူလုံနေအုံးမှာပါလို့ ထပ်လောင်းပြောကြားပါတယ်။အာဖရိကမှ ဝယ်ယူမှုများကြောင့် ထိုင်းသိုလှောင်ဆန်များ ရှင်းထုတ်နိုင်မယ်လို့ ယုံကြည်          နိုင်ငံတော်တော်များများမှာ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာခဲ့လို့ နိုင်ငံ အများအပြားက ထိုင်းဆန်ကိုဝယ်ယူဖို့ စိတ်ဝင်စားလာကြရာ ထိုင်းအစိုးရက၎င်းရဲ့ သိုလှောင်ဆန်တန်ချိန် ၄ဒသမ ၂ သန်းကို ဒီနှစ်မကုန်မီ အပြီး ရောင်း ထုတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။အစိုးရဟာ ဆန်တန်ချိန် ၁ ဒသမ ၆ သန်းကို ပုဂ္ဂလိက ကုမ္ပဏီ များကိုရောင်းထုတ်ခဲ့ပြီး နောက်ထပ်တန်ချိန် တစ်သန်းကို ဒုတိယ ဝန်ကြီးရဲ့စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်အကြား နိုက်ဂျီးရီးယားနဲ့ဆီနီဂေါနိုင်ငံများကို သွားရောက်မယ့် ခရီးစဉ်မှာ ရောင်းချ ပေးမယ် လို့မျှော်လင့်ထား ကြောင်း ဝန်ကြီးခုျပ် အကြံပေး Nophand Wongtra- ngan မှပြောကြားပါတယ်။ နိုက်ဂျီးရီးယားမှ ၅ မှတ်ဆန်တန်ချိန် တစ်သန်းဝယ်ယူဖို့ စုံစမ်းလာကြောင်း ကမ်းလှမ်းဈေးမှာလည်း လက်ရှိဈေးထက် မနိမ့်ဘူးလို့ သိရပါတယ်။ဆီနီဂေါမှလည်း ဟုမ္မလီဆန်တန်ချိန် ၂ သိန်းခန့် ဝယ်ယူလိုတယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်က ဆန်နဲ့ဂံျု တန်ချိန် ၁၈ဝဝဝဝ ဝယ်ယူမယ်       ဘင်္ဂလားဒေ့ရှ်အစိုးရဟာ လက်ရှိဘဏ္ဍာနှစ်အတွင်း တာကာငွေ ၄ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၆၃ ဒသမဝ၄ သန်း) ခန့်ကုန်ကျမယ့် ဆန်နဲ့ ဂံျုတန်ချိန် ၁၈ဝဝဝဝ ဝယ်ယူဖို့ စက်တင်ဘာလ ၁၃ ရက်နေ့မှာကျင်းပတဲ့ ဘဏ္ဍာရေးဝန်ကြီးဦးဆောင်တဲ့ ဝန်ကြီးများအဆင့် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ဂံျုတန်ချိန် ၁၅ဝဝဝဝ နဲ့ဘာစမာတီမဟုတ်တဲ့ ပေါင်းဆန်တန်ချိန် ၃ဝဝဝဝ တင်သွင်းသွားမယ်လို့ သိရပါတယ်။အိန္ဒိယအနောက်ပိုင်းမှာမိုးဆက်တိုက်ရွာနေလိုသီးနံှများပျက်စီး                                                                                            အိန္ဒိယနိုင်ငံ မဟာရပ်ရှတရာပြည်နယ်အတွင်းရှိ မာရာသဝါဒီဒေသ မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကောက်ပဲသီးနံှများ ပျက်စီးခဲ့ရာ လယ် သမားများအတွက် ကြီးမားတဲ့ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ခရိုင် ၈ ခုပါဝင်တဲ့ယင်းဒေသအတွင်းစိုက်ပျိုးထားတဲ့ လယ်ယာမြေဟက်တာ ၁ ဒသမ ၅ သိန်းခန့်ပျက်စီးသွားတယ်လို့ တရားဝင် ထုတ်ပြန်တဲ့ ခန့်မှန်းချက် များအရ သိရပါတယ်။ဒီနှစ်သီးနံှတွေ အထွက်တိုးမယ်လို့ ခန့်မှန်းထားပေမဲ့ ဇူလိုင်လနဲ့ သြဂုတ်လအတွင်းမိုးမပြတ်ရွာသွန်းတာကြောင့် မာရာသဝါဒီဒေသရဲ့ မိုးရေချိန်ဟာ ပြီးခဲ့တဲ့ နှစ်ထက်၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့လို့ သြဂုတ်လဆန်း ပိုင်း ကထဲက သီးနံှပျက်စီးမှုတိုးပွားလာမယ်လို့ ခန့်မှန်းကြောင်း ဒေသရဲ့ လယ် ယာ စိုက်ပျိုးရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက ပြောကြားပါတယ်။ သြဂုတ် လဆန်းပိုင်းမှာ ရိတ်သိမ်းရမယ့်ပဲတီစိမ်း၊ မတ်ပဲနဲ့ပဲပုပ်သီးနံှတွေ ပျက်စီးခဲ့ရ တယ်လို့လည်း ထပ်လောင်းပြောကြားပါတယ်။တရုတ်အစိုးရက အနိမ့်ဆုံးဆန်ဈေးနှုန်းတိုးမြှင့်တရုတ်နိုင်ငံပြည်နယ် ၈ ခုမှာ အင်ဒီကာဆန် အနိမ့်ဆုံးဈေးနှုန်းကို ၅ဝ ကီလို တစ်အိတ်ကို ယွမ် ၉၃ (ကန်ဒေါ်လာ၁၃ ဒသမ ၈၂ )မှ ယွမ် ၉၇ (ကန်ဒေါ်လာ ၁၄ ဒသမ ၄၁) ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အမိုျးသာဖွံ့ဖြိုးရေးနဲ့ပြန်လည် ထူထောင်ရေးကော်မရှင် ( IDRC ) မှ ပြောကြားပါတယ်။ ဂျပွန်နီကာအုပ်စုဆန် အနိမ့်ဆုံးဈေးနှုန်းကိုတော့ကီလို ၅ဝ တစ်အိတ်ကို ယွမ် ၁ဝ၅ (ကန်ဒေါ်လာ ၁၅ ဒသမ ၆ )ဈေးမှာပဲ ပြောင်းလဲသတ်မှတ်ခြင်းမရှိဘူးလို့ သိရပါတယ်။လမင်း၊Sources: riceonline / oryza.com