Main menu

Background

အိန္ဒိယမိုးရာသီ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁ သန်း မြင့်တက်နိုင်

Wed, 09/22/2010 - 06:35 -- Anonymous (not verified)

 အိန္ဒိယမိုးရာသီ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁ သန်း မြင့်တက်နိုင်          ယခုနှစ်မိုးရာသီမှာ ပဲမိုျးစုံစိုက်ဧရိယာ ပိုမိုတာကြောင့် မိုးပဲထွက်ရှိမှုဟာလည်း ယခင်နှစ်ထက် တန်ချိန် ၁ သန်းခန့်ပိုပြီး၊ တန်ချိန် ၅ ဒသမ ၃ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေး အတွင်းဝန် ပီကေဘာဇူက ပြောကြားပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂ဝဝ၈-ဝ၉ ခုနှစ် မိုးပဲတန်ချိန် ၄ ဒသမ ၆၉ သန်းထွက် ရှိခဲ့ရာမှ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၄ ဒသမ ၃ သန်း ကိုကျဆင်းခဲ့ပါတယ်။တစ်နှစ် ပတ်လုံးထွက်ရှိမှုမှာတော့ ၂ဝဝ၈-ဝ၉ မှာတန်ချိန် ၁၄ ဒသမ ၅၇သန်း ထွက်ရှိခဲ့ပြီး၊ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၁၄ ဒသမ ၅၉ သန်းထွက်ရှိခဲ့ပါတယ်။ယခုနှစ် မိုးရာသီပဲမိုျးစုံစိုက်ပိုျးမှုအနေနဲ့ ဟက်တာ ၁၁ဝ ဒသမ ဝ၈သိန်း ရှိတာကြောင့် ယခင်နှစ် စိုက်ပိုျးဟက်တာ ၉ဝ ဒသမ ၅၇ သိန်းထက် ပိုမိုခဲ့ပါတယ်။ အဓိကတော့ အင်ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ကာနာ တာကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာ၊ သြရိသ၊ ရာဂျက်စသန်နဲ့ အတ္တရာပရာဒေ့ရှ်တို့ကလယ်သမားတွေ ပိုမိုစိုက်ပိုျးလာကြလို့ဖြစ်ပါတယ်။ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ပဲဈေးနှုန်းဟာလည်းအကျဘက်ကို ဆင်းနေပြီဖြစ်ပြီး၊ နောက်ထပ်လည်းကျဆင်းနိုင်တယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။ယမင်းခင်၊ှSource: PTI