Main menu

Background

အမေရိကန်နှင့် တရုတ်နိုင်ငံများ၏လောင်စာဝယ်လိုအား မြင့်မားမည် မျှော်မှန်း

Wed, 09/22/2010 - 06:35 -- Anonymous (not verified)

 အမေရိကန်နှင့် တရုတ်နိုင်ငံများ၏လောင်စာဝယ်လိုအား မြင့်မားမည် မျှော်မှန်းကြ၍ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဒုတိယမြောက်နေ့အဖြစ်မြင့်မားလာ       ကမ္ဘာ့ရေနံသုံးစွဲမှုအများဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ လောင်စာဝယ်လိုအားမြင့်မားမယ်မျှော်မှန်းကြပြီး နယူးယောက်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများဒုတိယမြောက်နေ့အဖြစ် မြင့်မားလာပါတယ်။ သြဂုတ်လအတွင်း က အမေရိကန်ရဲ့လက်လီအရောင်းနှုန်းများ ဒုတိယမြောက်လအဖြစ် ထပ်မံမြင့်မားခဲ့ဖွယ်ရှိတယ်ဆိုတဲ့ခန့်မှန်းချက် ကရေနံစိမ်းဈေးနှုန်းကို ထပ်မံမြင့်မားစေပါတယ်။တရုတ်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုမြင့်မားလာခြင်းနဲ့ ကနေဒါမှရေနံကို အမေရိကန်ပြည်ထောင်စုအလယ် တကြောရှိ ရေနံချက်စက်ရုံများကိုပို့ပေးတဲ့ ပိုက်လိုင်းကိုပိတ်လိုက်ခြင်းတို့ကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေအောင် အထောက်အပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် အောက်တိုဘာလတင်ပို့မဲ့ ရေနံစိမ်းက တစ်စည်ကို ၈၈ ဆင့်(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၇၇ ဒသမ ၃၃ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလတွင် ငွေချေရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၆ဝ ဆင့် (သုညဒသမ ၈ ရာခိုင်နှုန်း) မြင့်မားကာ ၇၈ ဒသမ ၇၆ ဒေါ်လာနဲ့ လန်ဒန် ICEကFutures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ှSource:bloomberg.com, ပပ