Main menu

Background

ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်နေပြီ

Wed, 09/22/2010 - 07:00 -- Anonymous (not verified)

 ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်နေပြီ        ဟောင်ကောင်ဈေးကွက်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၂၈ဝ အထက်မှာ မှတ်တမ်း တင် ဈေးဖွင့်ခဲ့ပါပြီ။ မွန်းလွဲပိုင်းအရောင်းအဝယ်ကနေ ဈေးမြင့်လာတာဖြစ်ပြီး ဒီသီတင်းပတ် ထဲမှာ ဆင့်ကာ ဆင့်ကာ မြင့်လာတာဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ စိုးရိမ်ပူပန်မှု၊ သံသယဖြစ်မှု၊ အမေရိကန် စီးပွားရေးတိုးတက်မှု တုံ့နှေးနေခြင်းများက ရွှေဈေးတက်ဖို့ အကြောင်းဖန်လာတာ ဖြစ်တယ်လို့ သုံးသပ် သူများက ပြောဆိုကြပါတယ်။     သုတေသီများကတော့ ဒီနှစ်မကုန်မီ ရွှေဈေးက ၁၃ဝဝ ဒေါ်လာကို ချဉ်းကပ်မယ်လို့ မှန်းခဲ့သလို လက်ရှိရွှေဈေး အဆင့်မှာ ရင်းနှီးမြှုပ်နံှသူများက အမြတ်ငွေရဖို့စွန့်စားစရာအဆင့်ပဲလို့ ပြောခဲ့ပါတယ်။ ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်သလို ငွေသတ္တုဈေးကလည်း နှစ် ၃ဝ နီးပါးကာလတွင်း မြင့်တက်ကာ နယူးယောက်ဈေးကွက်မှာ၂ဝ ဒသမ ၉၅ ဒေါ်လာသို့ ရောက်ရှိခဲ့ ပါတယ်။ ငွေဈေးနည်းတူ ပလက်တီနမ်၊ပလေဒီယမ်ဈေးတွေလည်း မှတ်တမ်းတင်ဖွယ်မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ ငွေကြေးလဲလှယ်မှုဈေးကွက်အတွင်း အဓိကငွေကြေးတစ်ခုဖြစ်တဲ့ ဂျပန်ယန်းငွေကြေးကပြီးခဲ့တဲ့ ရက်အတွင်း စံချိန် တင်တန်ဖိုး မြင့်တက်ခဲ့တဲ့အတွက်လည်း သတ္တုဒြပ်စင်များရင်းနှီးမြုပ်နံှမှုအပေါ် ပိုမိုအာရုံရောက်လာခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Source : commodityonline WWN