Main menu

Background

အထွက်မြင့်တက်ခြင်းနဲ့ သြဂုတ်လ လက်ကျန်များခြင်းကြောင့် မလေးရှား စားအုန်းဆီကြမ်း ဈေးကျဆင်း

Wed, 09/22/2010 - 07:48 -- Anonymous (not verified)

 အထွက်မြင့်တက်ခြင်းနဲ့ သြဂုတ်လ လက်ကျန်များခြင်းကြောင့်မလေးရှား စားအုန်းဆီကြမ်း ဈေးကျဆင်း         စားအုန်းဆီလက်ကျန် သိသိသာသာမြင့်တက်ခြင်းနဲ့ နောက်လများမှာ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေ တွေကြောင့် စက်တင်ဘာလ၁၅ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးကျဆင်းခဲ့ပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုရောင်း နိုဝင်ဘာလ စာခုျပ်အခြေခံ ဈေးဟာတစ်တန်ကို ရင်းဂစ် ၂၈ လျော့ကျပြီး ရင်းဂစ် ၂၆၁၅ (ကန်ဒေါ်လာ ၈၃၉) ဖြစ်ခဲ့လို့စက်တင်ဘာလ ၃ ရက်နေ့မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ ရင်းဂစ် ၂၆ဝ၅ (ကန်ဒေါ်လာ ၈၃၆) နီးပါးဖြစ်လာတယ်လို့ သိရပါတယ်။     အစိုးရစာရင်းများအရ လက်ကျန်များခြင်းနဲ့ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေများကြောင့် လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း တစ်တန်ကိုရင်းဂစ် ၂၅၉ဝ (ကန်ဒေါ်လာ ၈၃၁) ထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ်လကုန် စားအုန်းဆီကြမ်း သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၇၂သန်းထိမြင့်တက်ခဲ့လို့ ဇူလိုင်လ လက်ကျန် တန်ချိန် ၁ ဒသမ ၄၁ သန်းထက် ပိုမိုလာတယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ အထွက်နှုန်း မြင့်တက်နေခြင်းနဲ့ သြဂုတ်လ သိုလှောင်လက်ကျန် များခြင်း တို့ကြောင့် မကြာမီလက်ကျန်ဟာ တန်ချိန် ၂ သန်းအထိ မြင့်တက်နိုင်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် ပွဲစားတစ်ဦးက ခန့်မှန်းထားပါတယ်။ သြဂုတ်လ စားအုန်းဆီ ထွက်ရှိမှု က ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၁ သန်းရှိခဲ့ကာတင်ပို့မှုအနေနဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၁ ဒသမ ၂၁ သန်းသာရှိတယ်လို့ ဆိုပါတယ်။               အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ စားအုန်းဆီဟာ ပုံမှန်အားဖြင့် ဒုတိယနှစ်ဝက်အတွင်း အထွက်နှုန်း ပိုမြင့်တက် လေ့ရှိလို့ ယခုလနဲ့ နောက်လမှာ အထွက်ပိုမိုမြင့်တက်ဖွယ်ရှိပေမဲ့ ဝယ်လိုအားက တိုးတက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့ မတ်လပို့ရမယ့် စားအုန်းဆီခဲ ဈေးနှုန်းဟာ မလေးရှား FOB တစ်တန်ကို ကန်ဒေါ်လာ ၁ဝ လျော့ကျ ပြီး ကန်ဒေါ်လာ ၈၇ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးနှုန်းဟာ ရင်းဂစ်၅ဝ (ကန်ဒေါ်လာ ၁၆) လျော့ကျကာရင်းဂစ် ၂၇၅ဝ ( ကန်ဒေါ်လာ ၈၈၂)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                       ယုဇနSources: palmoil hq. com